Powered by Blogger.

ထူးဆန်းတဲ့ လူပြက်တစ်ဦးဟာ Green Bay ရဲ့ ညအချိန်တွေမှာ လှည့်လည်သွားလာနေ


Wisconsin ရှိ ရဲဌာနဟာ Green Bay မြို့အတွင်း လှည့်လည်သွားလာနေတဲ့ ထူးဆန်းတဲ့ လူပြက်တစ်ဦးအကြောင်း ဖုန်းဆက်အကြောင်းကြားတာတွေ ရရှိနေရပါသတဲ့။

တနင်္လာနေ့က Mason and Adams လမ်းအနီးနားမှာ လှည့်လည်သွားလာနေတာကို စတင်တွေ့ရှိရပြီးနောက် ထူးဆန်းတဲ့ လူပြက်ပုံစံနဲ့ "Gags - The Green Bay Clown" ဆိုတဲ့ နာမည်နဲ့  Facebook Page တစ်ခုမှာ ထိတ်လန့်သည်းဖိုစတိုင် လူပြက်ပုံများစွာ စုစည်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ရဲတွေအဆိုအရ ဒီတစ်ပါတ်အတွင်း လူပြက်အကြောင်း ဖုန်းတွေလက်ခံရရှိနေပေမယ့် ဒီလူဟာ ပြစ်မှုကျူးလွန်ဖို့ ကြိုးစားတာမျိုးမဟုတ်ရင်တော့ အပျော်သဘောလုပ်ဆောင်တယ်လို့ပဲ ယူဆရမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဖေ့ဘွတ်သုံးစွဲသူတစ်ဦးကတော့ ဒေသခံဒါရိုက်တာတစ်ဦးရဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတိုအတွက် ရိုက်ကူးမှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ထူးဆန်းတဲ့ လူပြက်ကို ထပ်တွေ့ရတဲ့အကြောင်း မကြားရပြန်တော့ပါဘူး - ဒီလို ၀တ်စားဆင်ယင်ပုံမျိုးဟာ အမေရိကန်ရှိ မြို့အတော်များများမှာ Halloween ပွဲတော်အတွက် ခေတ်စားခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတော့ အများဆုံးဝတ်ဆင်ခဲ့ကြတဲ့ စတိုင်ဖြစ်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment