Powered by Blogger.

အိန္ဒိယရှိ ပေ ၆၀ အနက်ရှိ ရေတွင်းထဲမှ ကျားသစ်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရ


အိန္ဒိယရှိ တိရိစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ဟာ ပေ ၆၀ အနက်ရှိ ရေတွင်းရဲ့ ရေပြင်ကျယ်ပေါ်မှာ ဒုက္ခရောက်နေတဲ့ ကျားသစ်တစ်ကောင်ကို ကယ်ဆယ်ပေးခဲ့ရပါတယ်။

Pune, Maharashtra အနီးရှိ ရွာမှ လယ်သမားတစ်ဦးက  ကျားသစ်တစ်ကောင် ရေထဲကျနေပြီး ကြောက်လန့်တကြားအော်ဟစ်နေကြောင်း သစ်တောဦးစီးဌာနကို ဖုန်းဆက်အကြောင်းကြားတာကြောင့် သွားရောက်ကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ ကျားသစ်ရှိရာ ရေတွင်းထဲကို သစ်တုံးတစ်တုံးအရင် ချခဲ့ပြီး သေတ္တာပုံလှောင်အိမ်ကို ချပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ကျားသစ်ကတော့ လှောင်အိမ်ထဲကို ၀င်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ ၃ နာရီကျော်ကြာ ကြိုးပမ်းခဲ့ကြပြီးနောက်တော့ လှောင်အိမ်ထဲ ၀င်သွားခဲ့လို့ ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ် ဗီဒီယိုကိုတော့ Wildlife SOS က YouTube မှာ တင်ထားခဲ့ပါတယ်။
၃ နှစ်သား ကျားသစ်မလေးဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ကာ ဒဏ်ရာတွေပျောက်ကင်းအောင် ကုသပေးပြီးရင်တော့ တောထဲကို ပြန်လွှတ်ပေးမှာလို့ သိရပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment