Pokemon ဇာတ်ကောင်ဖြစ်တဲ့ Pikachu ပုံစံတူ ၀တ်ဆင်ထားတဲ့ လူတစ်စုဟာ နဲ့ Switzerland နိုင်ငံ Basel မြို့သို့ လာရောက်လည်ပတ်အောင် ကမ္ဘာ့လှည့်ခရီးသည်တွေကို စွဲဆောင်ဖို့အတွက် လူကြိုက်များနေတဲ့ ဂိမ်းကို အသုံးပြုခဲ့ကြပါတယ်။
fadeoutTrashTV က ဒီဗီဒီယိုကို YouTube မှာ "Taking Revenge" ဖော်ပြထားခဲ့တာဖြစ်ပြီး လူတစ်စုဟာ Pokemon ဒီဇိုင်းဝတ်စုံတွေကို ၀တ်ဆင်ထားကြပြီး စမတ်ဖုန်းဂိမ်းဖြစ်တဲ့ Pokemon Go ကစားနေသူ မြို့သူမြို့သားတွေကို လူတစ်ယောက်အရွယ်အစားရှိ Pokeball ဘောလုံးကြီးတွေနဲ့ လိုက်ပေါက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလူစုဟာ ဖုန်းကိုင်ပြီး မတ်တပ်ရနေကြတဲ့ သူတွေကို ရုတ်တရက်တိုက်ခိုက်ဖို့အတွက် ဧရာမဘောလုံးကြီးတွေကို လောက်လွှဲပိုက်ကွန်အကြီးကြီးကို အသုံးပြုခဲ့ကြပါတယ်။
ဗီဒီယိုလင့်ကိုတော့ tourism website တစ်ခုမှာ တင်ထားပြီး Basel မြို့ရှိ Pokemon Go အကောင်လေးတွေ ဖမ်းနိုင်တဲ့ နေရာအနှံ့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment