Powered by Blogger.

ပိုက်ဆံအိတ်ပြုတ်ကျပြီး သံလမ်းမှာညှပ်နေတာကြောင့် Disney ရိုလာကိုစတာကြီး ရပ်တန့်သွားခဲ့


Disney California Adventure ကစားကွင်းမှ ရိုလာကိုစတာကြီးကို ဒီနှစ်နွေရာသီအတွင်းမှာပဲ သုံးကြိမ်မြောက် ပိတ်ထားခဲ့ရပါတယ်။ ဒီတစ်ခါ ပိတ်ရတာကတော့ အမျိုးသမီးတစ်ဦးရဲ့ ပိုက်ဆံအိတ်ဟာ ရိုလာကိုစတာသံလမ်းပေါ် ပြုတ်ကျပြီး ညပ်နေတာကြောင့် စီးနင်းလာပါနေသူအပြည့်နဲ့ ၄၅ မိနစ်ကြာ အလိုလျောက်ရပ်တန့်သွားတာဖြစ်ပါတယ်။

စနေနေ့က စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးရဲ့ ပိုက်ဆံအိတ်ထွက်ကျသွားပြီး လမ်းကြောင်းပေါ်မှာ ညပ်နေခဲ့တကြောင့် ရိုလာကိုစတာကြီးဟာ သွားနေရင်း လမ်းတစ်ဝက်အရောက်မှာ ရပ်တန့်သွားတာပါ။ စီးနင်းလိုက်ပါလာသူ ၁၅ ဦးပါရှိပြီး မြေပြင်နဲ့ ပေ ၃၀ အမြင့်အရောက်မှာ ရပ်တန့်နေခဲ့တာဖြစ်ပါသတဲ့။

နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာပြီး ပိတ်မိနေသူတွေကို ကယ်တင်ပေးခဲ့ကြရပါတယ်။

ဒီရိုလာကိုစတာကြီးကို မေလတုန်းကလည်း ပိတ်သိမ်းထားခဲ့ရပါသေးတယ်။ ဘာလို့လည်းဆိုတော့ စီးနင်းလိုက်ပါသူတစ်ဦးက ရိုလာကိုစတာစီးနေရင်း Selfie Stick ကို အသုံးပြုကာ ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment