Powered by Blogger.

Carolina တောင်ပိုင်းရှိ မိန်းကလေးငယ်တစ်ဦး ဦးနှောက်စားကပ်ပါးကောင်ကြောင့် သေဆုံး


အသက် ၁၁ နှစ်အရွယ် ကယ်ရိုလိုင်းနားတောင်ပိုင်းသူ မိန်းကလေးငယ်လေးတစ်ဦးဟာ ဦးနှောက်စားတဲ့ ကပ်ပါးကောင်ကြောင့် သေဆုံးသွားခဲ့ပါတယ်။

Beaufort ရှိ Hannah Katherine Collins ဆိုသူ ကောင်မလေးဟာ Edisto မြစ်မှာ ဇူလိုင် ၂၇ ရက်နေ့က ရေသွားကူးခဲ့ပြီး Naegleria fowleri အမည်ရှိ ကပ်ပါးကောင်ဝင်ရောက်ကူးစက်ခံရပြီး သောကြာနေ့ ညကပဲ သေဆုံးသွားကြောင်း Charleston ရှိ Medical University of South Carolina က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကပ်ပါးမျိုးကို သဘာဝအရ ကျွန်တော်တို့ အနီးအနားမှာပဲ ရှိနေတတ်ပြီး များသောအားဖြင့် ပူနွေးနဲ့ ရေကန်တွေ၊ မြစ်ချောင်းတွေမှာ နေထိုင်ကြပေမယ့် လူကို ကပ်ငြိတယ်ဆိုတာ အလွန်ရှားပါတယ်။ တကယ်တော့ ၁၀ နှစ်အတွင်းမှာ ဒီလိုအဖြစ်အပျက်ဆိုးမျိုးကြုံရတာ အကြိမ် ၄၀ တောင်မရှိပါဘူး လို့ ပြောရေးဆိုခွင့်ရှိသူ Linda Bell က ဆိုပါတယ်။

ပထမဆုံး ဒီကပ်ပါးကောင်နေထိုင်တဲ့ ရေကန်အတွင်းမှာ ရေကူးဖြစ်ပါလိမ့်မယ်။ ဒုတိယအနေနဲ့ ကပ်ပါးကောင်ရှိနေတဲ့ ရေထဲကို ခုန်ချပြီး နှာခေါင်းနဲ့ အသက်ရှုသွင်းချိန်မျိုးမှာ ကပ်ပေါင်းကောင်ကို နှာခေါင်းပေါက်ကနေတစ်ဆင့် ဦးနှောက်ဆီရောက်သွားအောင် တွန်းအားပေးလိုက်သလိုဖြစ်သွားပါတယ်။ များသောအားဖြင့်တော့ ကပ်ပါးကောင်ဟာ ဦးနှောက်ကို ဖျက်စီးစားသောက်ခြင်းမလုပ်နိုင်ခင်မှာပဲ သေသွားတတ်ပါတယ် လို့လည်း သူက ဆက်လက်ရှင်းပြပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးငယ် Hannah ဟာ ဧပြီလက ဒေသအတွင်း ပြုလုပ်ကျင်းပတဲ့ Colleton County Rice အလှမယ်ပြိုင်ပွဲမှာ Queen အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment