Powered by Blogger.

အမေရိကန်မှာ ဆေးလိပ်သောက်သုံးမှုနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း သိရ


အမေရိကန်အစိုးရရဲ့ သုတေသန တစ်ရပ်အရ အမေရိကန်ပြည်ထောင်စုထဲမှာတောင် ဆေးလိပ်သောက်သုံးမှုနှုန်းဟာ မြင့်မားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနနဲ့ ၂၀၁၀ကနေ ၂၀၁၃ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ လူဖြူနဲ့ လူမဲတွေမှာ ဆေးလိပ်သောက်သုံးမှုနှုန်းဟာ ၂၈ရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး Native Hawaiian တွေနဲ့ တခြား ပစိဖိတ်သားတွေမှာလည်း ၃၁ရာခိုင်နှုန်းကနေ ၂၃ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် အင်ဒီးယန်းတွေနဲ့ အလာစကာသားတွေကတော့ ဆေးလိပ်သောက်သုံးမှုနှုန်းဟာ ၃၇ရာခိုင်နှုန်းကနေ ၃၉ရာခိုင်နှုန်း အထိတိုးလာခဲ့တာဖြစ်ပါတယ်။ အာရှ-အမေရိကန်တွေမှာလည်း ၁၄.၅ရာခိုင်နှုန်းကနေ ၁၁ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပေမယ့် အခြား အုပ်စုတစ်ခုချင်းစီမှာတော့ ၂၀ရာခိုင်နှုန်းအထိ တိုးလာခဲ့တာပါ။

ဆေးလိပ်နဲ့ ဆေးရွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းဟာ အမေရိကန်ပြည်ထောင်စုမှာ မြင့်မားနေခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ ဆက်စပ်ရောဂါတွေကြောင့် လူ ၄၈၀,၀၀၀ ခန့်သေဆုံးနေရတယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment