Powered by Blogger.

သူ့ကိုကြည့်နေတဲ့ ကောင်လေးကို လာနှုတ်ဆက်တဲ့ ဧရာမပိုလာဝက်ဝံကြီး


ရေငုပ်နေတဲ့ ပိုလာဝက်ဝံကြီးကတော့ ရေအောက်ပြတိုက်မှာ သူ့ကို လာကြည့်နေတဲ့ ကောင်လေးကို တွေ့တွေ့ချင်းမှာပဲ မှန်ကို လက်ကလေးနဲ့ ပုတ်ပြီး လာနှုတ်ဆက်ပြသွားပါတယ်။

ဇန်ဒါလို့ အမည်ရတဲ့ လေးနှစ်သားကလေးလေးက ရေအောက်ပြတိုက်ကို သွားရောက်လေ့လာတဲ့အချိန်မှာ အခုလိုပဲ ပိုလာဝက်ဝံကြီးကို အနီးကပ်တွေ့မြင်ခဲ့ရတာဖြစ်ပြီး ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက အခုလို အံ့သြဖွယ်ဓာတ်ပုံတွေကို အနီးကပ်ရိုက်ကူးနိုင်ခဲ့တာပါ။


ဖခင်ဖြစ်သူကတော့ “ကျွန်တော့်သားက ကျွန်တော့်ကို ပြောတယ်။ ရေထဲမှာ ပေါ်နေတဲ့ သက်တန့်ကို ဓာတ်ပုံရိုက်ပေးလို့ ပြောခဲ့တာ။ ကျွန်တော်က ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ဆက်တင်ချိန်နေတဲ့အချိန် ငါးတွေက ပြေးသွားပြီး ရေမြှုပ်ကြီးတွေထ လာတာကိုတော့ သတိထားမိလိုက်တယ်။ ပိုလာဝက်ဝံကြီးတစ်ကောင်တော့ ရေဆင်းကူးပြီထင်တယ်လို့တော့ တွေးမိလိုက်တယ်။ မကြာခင်မှာပဲ ကျွန်တော့်သား မတ်တပ်ရပ်နေတဲ့ ရှေ့ကိုရောက်လာပြီး မှန်ကို လက်နဲ့ထိပြီး နှုတ်ဆက်နေတော့တာပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ သူ့သားအတွက်ရော ၊ သူ့အတွက်ပါ ဘဝမှာ မေ့လို့ မရတဲ့ အမှတ်တရတစ်ခုဖြစ်သွားကြောင်းနဲ့ ပိုလာဝက်ဝံကြီးကို အနီးကပ်မြင်လိုက်ရတဲ့ ဇန်ဒါလေးကတော့ အရမ်းကို ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။ ဒီအဖြစ်အပျက်ကတော့ အမေရိကန်နိုင်ငံ အိုဟိုင်းဝိုးပြည်နယ်ရဲ့ နာမည်ကျော် ကိုလံဘတ်စ် တိရစ္ဆာန်ဥယျာဉ်နဲ့ ငါးပြတိုက်မှာ ဖြစ်ပွားခဲ့တာပါ။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment