New Jersey သား အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူနဲ့ ရည်စားဖြစ်သူတို့ရဲ့ သဘောထားကွဲလွဲမှုကြောင့် သူရဲ့နာရေးကြော်ငြာကို သတင်းစာတစ်စောင်ထဲမှာတင် ၂ ခါထည့်ခံခဲ့ရပါသတဲ့။
သောကြာနေ့ထုတ် Press of Atlantic City သတင်းစာမှာ အင်္ဂါနေ့က အဆုတ်ကင်ဆာနဲ့ အသက် ၅၅ နှစ်မှာ သေဆုံးသွားသူ Leroy "Blast" Bill Black ဆိုသူအတွက် နာရေးကြော်ငြာစာ ၂စောင် ရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်။
ဒီကြောငြာ ၂ စောင်မှာ အဓိကကွဲပြားခြားနားချက်ကတော့ တစ်စောင်မှာတော့ “ ချစ်လှစွာသော ဇနီးသည် Bearetta Harrison Black “ နဲ့ နောက်တစ်စောင်မှာတော့ “ အချိန်ကြာမြင့်စွာ မခွဲအတူရှိခဲ့တဲ့ ချစ်သူရည်းစား Princess Hall “ ဆိုတဲ့ စာသားတွေဖြစ်ပါသတဲ့။
နောက်တစ်ချက်ကတော့ ပထမကြော်ငြာမှာပါတဲ့ သားသမီးနာမည်တစ်ချို့ဟာ ဒုတိယကြော်ငြာမှာ ဖော်ပြထားခြင်းမရှိတာပဲ ဖြစ်ပါတယ်။
ဘာဖြစ်လို့ ဒီလိုနာရေးကြော်ငြာ ၂စောင်ဖြစ်ရတာလဲဆိုတော့ ဇနီးဖြစ်သူက ပုံစံတစ်မျိုး၊ ရည်းစားဖြစ်သူက ပုံစံတစ်မျိုးနဲ့ ရေးထည့်ချင်တာကြောင့် သဘောထားမတိုက်ဆိုင်ပဲ ၂ စောင်ထည့်ဖြစ်သွားတာလို့ သိရပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment