Powered by Blogger.

ဥာဏ်ရည်မြင့် ချင်ပန်ဇီတစ်ကောင်က လိမ္မော်သီးတစ်ဒါဇင်ကို တစ်ခါတည်း သယ်ယူပြ



တောင်အာဖရိကရှိ ကယ်ဆယ်ရေးစခန်းတစ်ခုမှ ချင်ပန်ဇီတစ်ကောင်ဟာ တစ်ခါတည်းနဲ့ လိမ္မော်သီး ၁၂ လုံးကို ဘယ်လိုသယ်သွားသလဲဆိုတဲ့ သူ့ရဲ့စွမ်းရည်တွေကို မှတ်တမ်းတင် ရိုက်ကူးထားခဲ့ပါတယ်။

တောင်အာဖရိကရှိ Jane Goodall Institute ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ Mowgli လို့ နာမည်ပေးထားတဲ့ ချင်ပန်ဇီလေးဟာ လိမ္မောသီး ၁၂ လုံးကို သယ်ဆောင်ရင်း လမ်းလျှောက်သွားပုံ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

ချင်ပန်ဇီလေးဟာ လိမ္မော်သီးအများစုကို လက်၂ဖက်နဲ့ သယ်ထားပြီး ကျန်တဲ့အလုံးတွေကိုတော့ သူ့ပါးစပ်ထဲမှာရော ခြေချောင်းတွေ ကြားမှာပါ ညှပ်ပြီး သယ်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဗီဒီယို ခေါင်းစဉ်ကိုတော့ “ လိမ္မော်သီး ၁ ဒါဇင်သယ်နည်း “ လို့ ရေးသားထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment