Powered by Blogger.

ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောကြောင့် လည်ပင်းထိခိုက်ဒဏ်ရာ ရရှိသေဆုံးသွားခဲ့ရတဲ့ ကောင်လေး


Kansas ရှိ တာဝန်ရှိသူတွေ အဆိုအရ ၁၀ နှစ်အရွယ် ကောင်လေးတစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောစီးရင်း မတော်တဆမှုကြောင့် ပြင်းထန်တဲ့ လည်ပင်းထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသွားတယ်လို့ သိရှိရပါတယ်။

ဘယ်လိုအဖြစ်အပျက်ကြောင့် ဒီလိုမတော်တဆမှုဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ခုချိန်ထိသေချာမသိရသေးဘဲ ဒဏ်ရာရရှိသူ Rep. Scott Schwab ဆိုတဲ့ ကောင်လေးကတော့ ချက်ချင်းသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ထုတ်ပြန်ပြောကြားထားပါတယ်။

Schwab ဟာ တခြားအမျိုးသမီး ၂ ဦးနဲ့အတူတူ ရေလွှာလျှောစီးခဲ့တာဖြစ်ပြီး မတော်တဆမှုကြောင့် အမျိုးသမီး ၂ ဦးကတော့ မျက်နှာမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပါတယ်။

ကစားကွင်းမှ တာဝန်ရှိသူတွေကတော့ ကစားကွင်းကို တနင်္ဂနွေနေ့အထိ ပိတ်ထားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment