Powered by Blogger.

မီးလောင်ပြီးဖြစ်ပွားလာတဲ့ အမာရွတ်တွေကို နည်းပညာနဲ့ ကာကွယ်နိုင်တော့မည်


မီးလောင်ဒဏ်ရာတွေဟာ အလွန်ပြင်းထန်တာကြောင့် အမာရွတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေကို မကြာခင်မှာ ကြိုတင်ကာကွယ်တားဆီးနိုင်တော့မှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံက သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။

အတိုပြောရမယ်ဆိုရင် လျှပ်စစ်ဓာတ်နဲ့ ဖွံ့ဖြိုးထားတဲ့ ကော်လီဂန်ဆဲလ်တွေကို ကြွက်တွေရဲ့ မီးလောင်ဒဏ်ရာတွေမှာ စမ်းသပ်ခဲ့ရာမှာ အမာရွတ်တွေ ပျောက်သွားတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ Investigative Dermatology ဂျာနယ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

မီးလောင်ဒဏ်ရာတွေဟာ သေလောက်တဲ့အထိ ဖြစ်မသွားတတ်ကြပေမယ့် အမာရွတ်တွေကတော့ ကျန်ရှိနေတတ်တာကြောင့် မကြာခင်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ကြုံလာတတ်တာပါ။ ဒီသုတေသနကို ခြောက်လကြာပြုလုပ်အပြီးမှာတော့ မီးလောင်ဒဏ်ရာတွေရဲ့ အမာရွတ်တွေကနေ ၅၈ရာခိုင်နှုန်းလောက်ထိ ပျောက်ကင်းသွားတာကိုတွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#health.thithtoolwin.com

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment