Powered by Blogger.

ဂျပန်နိုင်ငံမှာ Pokemon GO ပွဲတော်ကျင်းပခဲ့ပြီး Pikachu ဝတ်စုံနဲ့ လူပေါင်းများစွာ တန်းစီလှည့်လည်


နာမည်ကျော်ကြားနေတဲ့ စမတ်ဖုန်းဂိမ်း Pokemon Go ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျပန်နိုင်ငံက လူပေါင်းများစွာဟာ Pikachu ပုံစံဝတ်ဆင်ပြီး လမ်းမတွေပေါ်မှာ စီတန်းလမ်းလျှောက်ခဲ့ကြပါသတဲ့။

Pikachu စီတန်းလမ်းလျှောက်ပွဲကို ၂၀၁၄ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့ကြတာဖြစ်ပြီး ပါဝင်ဆင်နွှဲသူများစွာကို Yokohama ရဲ့ လမ်းမတွေပေါ်မှာ Pokemon ၀တ်စုံတွေနဲ့ စီတန်းလမ်းလျှောက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

စီတန်းလမ်းလျှောက်ပွဲကို ပြီးခဲ့တဲ့ စနေနေ့က Pokemon စတင်ဖန်တီးခဲ့သူတွေနဲ့ မြို့တော်နဲ့ ပူးပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေကတော့ ဒီနှစ်ပွဲကိုတော့ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ စမတ်ဖုန်းဂိမ်း Pokemon Go ကြောင့် ပိုမိုလူစည်ကားဖို့ မျှော်လင့်နေကြပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment