တစ်ကိုယ်လုံးမှာ တက်တူးတွေ အပြည့်ထိုးထားတဲ့ အန်းနက်စ်အမည်ရ လူသန်ကြီးတစ်ယောက်ကတော့ စတန့်ဗီဒီယိုတစ်ခုကိုပြုလုပ်ပြီး သူ့ရဲ့ YouTube ချန်နယ်လ်ပေါ်ကို တင်ထားခဲ့ပါတယ်။ Elmer အမှတ်တံဆိပ်ကော်ဘူးကို အသုံးပြုပြီး တကယ့်ကော်တွေကို သောက်ပြခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုတော့ Live Leak ကနေလည်း တိုက်ရိုက်လွှင့်တင်ခဲ့တယ်လို့ သိရပြီး ကင်မရာနောက်မှာ ရှိနေတဲ့ သူ့ဇနီးသည်နဲ့ သူ့သူငယ်ချင်းတို့ရဲ့ Oh God ဆိုတဲ့ အသံကိုလည်း ကြားနေရပါတယ်။
ဗီဒီယိုအစမှာတော့ ဒီအရည်တွေက ကော်အစစ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး စက္ကန့်ငါးဆယ်ကြာ မရပ်မနားပဲ ကော်ရည်တွေကို သောက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးတော့ ကုန်အောင် သောက်မသွားနိုင်ခဲ့ဘဲ အန်းနက်စ်တစ်ယောက် အရှုံးပေးခဲ့ရပါတယ်။
အန်းနက်စ်ကတော့ နာမည်ကြီးတဲ့ ဖျော်ဖြေသူတစ်ယောက်ဖြစ်လိုတဲ့ ဆန္ဒရှိတယ်လို့ သိရပြီး ဒီဗီဒီယိုကြောင့် သူလေးစားရတဲ့သူတွေဖြစ်တဲ့ Cheech and Chong နဲ့ Jim Carrey တို့လို နာမည်ကြီးလာမယ်လို့ ထင်မှတ်နေခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုအပြီးမှာတော့ လူသန်ကြီး အန်းနက်စ်ကတော့ ဘယ်လိုဝေဒနာတွေခံစားနေရလဲဆိုတာ မသိရပေမယ့်လည်း သေတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒီလူသန်ကြီးကတော့ Jack Daniels ဝီစကီ နှစ်ပုလင်းကိုလည်း ၅၅ စက္ကန့်အတွင်း မရပ်မနားသောက်ပြခဲ့ဖူးတဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။
ဗီဒီယိုကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
( Paing A K )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Mirror
0 comments:
Post a Comment