Powered by Blogger.

ကမ္ဘာမှာ ဒီမိုကရေစီ စနစ်ကို ဘယ်နိုင်ငံကနေ စတင်ခဲ့သလဲ?


ပြည်သူတွေပြန်အုပ်ချုပ်တယ် လို့ အဓိပ္ပာယ်ရတဲ့ ကမ္ကာ့ပထမဆုံး ဒီမိုကရေစီ စနစ်ကို အေသင်မြို့က ဂရိ လူမျိုးတွေက စတင်ခဲ့ကြတာဖြစ်ပါတယ်။  ၄၃၀ ဘီစီ ခန့်မှာ မြို့တော် တွေ ၊ ပြည်နယ်တွေရဲ့ တိုင်းသူပြည်သားအချင်းချင်း ပြန်အုပ်ချုပ်ဖို့အတွက် ဒီမိုကရေစီ စနစ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ သမိုင်းတွေအရတော့ ကမ္ဘာ့ အစောဆုံး အချိန်တွေကတည်းက အိန္ဒိယ နိုင်ငံရှိ နေရာဒေသ အချို့မှာ ဒီမိုကရေစီ စနစ်ဆန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီ ဆိုတဲ့ နာမည်ကိုတော့ ဂရိတွေသာ ပေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် ၉ ရာစု နဲ့ ၁၀ ရာစု ၀န်းကျင်တွေအရောက်မှာတော့ Iceland ၊ ဖာရိုး ကျွန်းစွယ်များ နဲ့ Isle of Man နိုင်ငံတို့မှာ ပါလီမန်တွေ စတင်ဖွဲ့စည်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ Iceland ကတော့ အေဒီ ၉၃၀ မှာ စတင်ပြီး ပါလီမန်ကို ဖွဲ့ခဲ့ပေမယ့် နော်ဝေးတွေ လက်အောက်မှာ ရာစုနှစ်တစ်ခုနီးပါး ကျရောက်ခဲ့တဲ့အတွက် ဒီမိုကရေစီ စနစ်နောက်ကျခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ အစောဆုံး ဒီမိုကရေစီ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ၆ နိုင်ငံ ပေါင်းပြီး အုပ်ချုပ်မှု စတင်ခဲ့တဲ့ မူလ အမေရိကန် တွေဟာအများ ဆန္ဒနဲ့ ဖွဲ့စည်းတဲ့ အစိုးရ စနစ်နဲ့ ၈ ရာစု ခန့်မှာ စတင်အုပ်ချုပ်ခဲ့တာဖြစ်ပြီး ဖင်လန်နိုင်ငံမှာ လူမျိုးနဲ့ ယောကျာင်္း မိန်းမ တန်းတူညီမျှရေးအတွက် မဲပေးပြီး အစိုးရ အတွင်း ပါဝင်ခွင့် ပြုတဲ့စနစ်ကို စတင်ကျင့်သုံးတဲ့ ၁၉၀၆ ခုနှစ်မှာမှ အမျိုးသား ဒီမိုကရေစီ စနစ်ကိုရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : History
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment