Powered by Blogger.

ရီယိုမြို့မှာ ထွန်းညှိထားတဲ့ အိုလံပစ်မီးရှူးတိုင်ကို ငြိမ်းသတ်ဖို့ပြုလုပ်သူအဖမ်းခံရ


၂၀၁၆ ခုနှစ် နွေရာသီအားကစားပြိုင်ပွဲအတွက် ထွန်းညှိထားတဲ့ အိုလံပစ်မီးတိုင်ကို မီးငြိမ်းသတ်ဖို့ ဒုတိယမြောက် ကြိုးစားခဲ့သူကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြရပါတယ်။

ဗီဒီယိုမှတ်တမ်းထဲမှာတော့ လူအုပ်ထဲကနေ ပြေးထွက်လာတဲ့ လူတစ်ယောက်ဟာ အိုလံပစ်မီးတိုင် သယ်ဆောင်လာသူဆီကို တစ်ဟုန်ထိုးပြေးသွားပြီး မီးငြိမ်းသတ်တဲ့စပရေးနဲ့ ဖျန်းဖို့ကြိုးစားခဲ့ပေမယ့် လုံခြုံရေးဝန်ထမ်းတွေက တားဆီးလိုက်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

Fox Sports အဆိုအရ ဒီလူဟာ ဘာကြောင့် ဒီလိုလုပ်ခဲ့သလဲဆိုတာကို မသိရသေးပေမယ့် အားကစားပြိုင်ပွဲတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အိုလံပစ်မီးတိုင်ကို ငြိမ်းသတ်ဖို့ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရှိရပါတယ်။

ဇွန်လတုန်းကလည်း မီးတိုင်ကိုငြိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသေးတယ်။

( Michelle )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment