Powered by Blogger.

ဘေ့စ်ဘော အားကစား ကို ဘယ်သူ စတင်ခဲ့သလဲ???


ဘေ့စ်ဘော အားကစားနဲ့ ပတ်သက်လာရင်တော့ ပြည်တွင်းစစ်မှာ ပါဝင်ခဲ့တဲ့ Abner Doubleday ဆိုတဲ့ ဗိုလ်ချုပ် ကို သိထားဖို့လိုပါလိမ့်မယ်။ ၁၈၃၉ ခုနှစ်က နယူးယော့ခ်မြို့ ကူးပါးစ်တောင်းဆိုတဲ့ မြို့နယ်မှာ ထိုဗိုလ်ချုပ် က ဘေ့စ်ဘောလို့ အမည် တွင်တဲ့ အားကစားကို စတင်တီထွင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ A.J.Spalding ဆိုတဲ့ မေဂျာလိဂ် ကစားသမားတစ်ဦးနဲ့ သတ္တုတွင်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Abner Graves တို့က ၁၉၃၀ ခုနှစ်မှာ အမျိုးသား ဘေ့စ်ဘော ပြတိုက်ကို စတင်တည်ဆောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ ဘေ့စ်ဘော ရာဇ၀င်ဟာ Doubleday ရဲ့ ရာဇ၀င်ထက်များစွာ ရှုပ်ထွေးနေပါသေးတယ်။

၁၈ ရာစု တုန်းက အမေရိက မှာ ဘေ့စ်ဘော အားကစားနဲ့ ဆင်တူတဲ့ ဗြိတိန် အားကစား ၂ မျိုးကို ကျောင်းတွေနဲ့ ကောလိပ်တွေမှာ ကစားခဲ့ကြပါသေးတယ်။ အဲဒီ ကစားနည်း ၂ မျိုးကတော့ Rounders နဲ့ Cricket တို့ပဲဖြစ်ပါတယ်။ ၁၉ ရာစု အလယ်ပိုင်းမှာတော့ ထို အားကစား ၃ မျိုးလုံးဟာ အမေရိက ရဲ့ တိုးတက်ပြီး မြို့တော် တွေမှာ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။

၁၈၄၅ ခုနှစ် စက်တင်ဘာလမှာတော့ နယူယော့ခ်မြို့သားတွေဟာ New York Knickerbocker Baseball ကလပ် ကို တည်ထောင်ခဲ့ကြပြီး ထိုမြို့သားတွေထဲကတစ်ယောက်ဖြစ်တဲ့ Volunteer မီးသတ်သမားနဲ့ ဘဏ်စာရေး အဖြစ်လုပ်ကိုင်ခဲ့တဲ့ Alexander Joy Cartwright က မော်ဒန် ဘေ့စ်ဘော ကစားနည်းအတွက် စည်းမျဉ်းတွေ ရေးဆွဲခဲ့ပြီး စိန်တုံး ပုံစံ ကွင်း ၊ လိုင်း ၄ လိုင်း ၊ ရိုက်ချက် ၃ ချက် စတဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့ပါတယ်။


ဒါပေမယ့်လည်း Cartwright ရဲ့ စည်းမျဉ်းတွေဟာ Cricket အားကစား နဲ့ ဘာတွေများကွာခြားပါသလဲဆိုတဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ၁၈၄၆ ခုနှစ်မှာတော့ Knickerbocker Baseball ကလပ်က ဦးဆောင်ပြီး Cricket အားကစားအဖွဲ့ ၁ ဖွဲ့ နဲ့ ဘေ့စ်ဘော ကို တရးဝင် ယှဉ်ပြိုင်ပွဲတစ်ခု ကျင်းပစေခဲ့ပြီး အမေရိကန် ရိုးရာ အားကစား တစ်ခုအဖြစ် ဘေ့စ်ဘော အားကစားနည်း ကို သတ်မှတ်စေခဲ့ပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : History

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment