Powered by Blogger.

ကယ်လီဖိုးနီယားရှိ ရေကန်ထဲကျသွားတဲ့ ကင်မရာကို ပြန်လည်ရရှိခဲ့တဲ့ ဓါတ်ပုံဆရာ


အမျိုးသမီးတစ်ဦးဟာ ငါးမျှားအပမ်းဖြေခရီး သွားပြီးတဲ့နောက် သတင်းဓါတ်ပုံဂျာနယ်လစ်တစ်ယောက်နဲ့ ထိုးကြိတ်ခံရပြီး ပျောက်ဆုံးသွားတဲ့ကင်မရာကို ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။

 “ ကျွန်မ ခဲအိုက မင်းတော့ ငါးအကြီးကြီးတစ်ကောင် ဖမ်းမိပြီထင်တယ်ဟေ့” လို့ပြောပေမယ့် ဒါက ငါးမဟုတ်ဘဲ ကင်မရာတစ်ခုကို ဖမ်းမိခဲ့တာဖြစ်ကြောင်း Shelly Hirst က မိသားစုနဲ့အတူ ဗုဒ္ဓဟူးနေ့က Hesperia ရေကန်မှာ ငါးမျှားသွားရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို KABC-TV ကို ပြောပြပါတယ်။
Nikon ကင်မရာအမျိုးအစားဖြစ်ပြီး မှန်ဘီလူးမရှိတော့ဘဲ ရွှံ့တွေကပ်နေပေမယ့် SD card ထဲမှာတော့ ဓါတ်ပုံပေါင်း ၁၇၀၀ ကျော်ရှာတွေခဲ့ပါသတဲ့။

ပုံတွေကိုတွေ့တော့ တစ်ယောက်ယောက်များ သိမလားဆိုပြီး Facebook မှာတင်လိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဓါတ်ပုံသတင်းထောက်ဖြစ်သူ David Pardo ဆိုသူဟာလည်း မေလက ရေကန်အနီး ဓါတ်ပုံရိုက်နေစဉ် ထိုးကြိတ်ခံရပြီး  ကင်မရာကိုလည်း ရေထဲပစ်ချခံလိုက်ရတာကြောင့် ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

Pardo က အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံကိုရိုက်ကူးမိလို့ ၄င်းအမျိုးသမီးက သူ့ပုံကိုဖျက်ပစ်ခိုင်းလို့ ဒီပုံကိုဘယ်မှာမှ မသုံးပါဘူးလို့ ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထိုစဉ် အမျိုးသား ၂ဦး ရောက်လာပြီး သူ့ကို ထိုးကြိတ်တိုက်ခိုက်ခဲ့ပြီး ကင်မရာနဲ့ ဖုန်းကိုလည်း ရေကန်ထဲ လွှင့်ပစ်ခဲ့ကြတာကြောင့် ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း KABC-TV ကို ပြောပြထားပါသေးတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment