မိတ်ကပ်လိမ်းခြယ်ဖို့ ပစ္စည်အစုံအလင် အသုံးပြုစရာတွေ အများကြီးရှိပေမယ့် များသောအားဖြင့်တော့ ရေမြုပ်ကိုအသုံးပြုကြတာများပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်ရာမှာသာ အသုံးပြုကြပြီး အသားအရည်၊ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ အတွက်ပါ အသုံးပြုနိုင်တာကိုတော့ သိသူနည်းပါးပါတယ်။
ထူးခြားပြီး အနုစိတ်ဆန်ဆန် ဆံပင်ဆေးဆိုးရာမှာ ရေမြုပ်ကို အသုံးပြုနိုင်ပါတယ်
ဆံပင်ဆေးဆိုးဖို့ နည်းလမ်းများစွာရှိတဲ့အနက် ရေမြုပ်ကိုအသုံးပြုပြီး ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံကို လှပသေသပ်စွာ ဆိုးနိုင်မှာဖြစ်ပါတယ်။
မေးရိုးနဲ့ ပါးရိုးပုံစံ ပြောင်းလဲပုံဖော်ရာမှာ အသုံးပြုနိုင်ပါတယ်
မေးရိုးတစ်လျှောက်နဲ့ ပါးရိုးပုံစံ ပြောင်းလဲပုံဖော်ရာမှာ ရေမြုပ်ကိုအသုံးပြုခြင်းဖြင့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာအနေအထားကို ဖန်တီးရယူနိုင်ပါတယ်။
ပါးနီခြယ်သရာမှာ အရုပ်တစ်ရုပ်လိုဖြစ်မနေစေဘဲ သဘာဝအတိုင်း ပန်းသွေးနီနေစေပါတယ်
ခရင်မ်ပုံစံ ပါးနီအမျိုးအစားတွေက သဘာဝဆန်ဆန် လှပစေတယ်ဆိုပေမယ့် လိမ်းခြယ်နည်းမှန်ကန်မှသာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေမြုပ်ကိုအသုံးပြုပြီး ပါးနီဘရှပ်ပေါ်ကို အသာအယာတို့ထိရုံပါပဲ။ ပြီးရင်တော့ ပါးပြင်တစ်လျှောက် ရေမြုပ်ကိုသုံးပြီး ဖြည်းဖြည်းချင်း လိမ်းခြယ်နိုင်ပါတယ်။
Skincare အသုံးပြုရာမှာလည်း လက်ချောင်းတွေအစား ရေမြုပ်ကိုအသုံးပြုနိုင်ပါတယ်
Serum, Eye cream နဲ့ Moisturizer တွေ အသုံးပြုတဲ့အခါမှာလည်း လက်ချောင်းတွေနဲ့ လိမ်းခြယ်မယ့်အစား နူးညံ့ညင်သာတဲ့ မိတ်ကပ်လိမ်းရေမြုပ်ကို အသုံးပြုခြင်းဖြင့် ကိုယ့်ရဲ့အသားအရည်ကို ပိုမိုဂရုစိုက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ခြေသည်းလက်သက် ပုံဖော်ကရိယာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
မိတ်ကပ်လိမ်းရေမြုပ်ဟာ မိတ်ကပ်လိမ်းခြယ်ဖို့ သက်သက်မဟုတ်ပါဘူး။ ခြေသည်းလက်သည်းပုံဖော်ရာ မှာလည်းအသုံးပြုနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ အရောင်ကိုရွေးခြယ်ပြီး သုံးရောင်စပ်၊ လေးရောင်စပ် စသည်ဖြင့် ရေမြုပ်ပေါ်မှာ သုတ်လိမ်းပြီး ခြေသည်းလက်လည်းဆိုးနိုင်ပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : GoodHouseKeeping
0 comments:
Post a Comment