Powered by Blogger.

ကိုယ့်အိပ်ခန်းအကြောင်း သိထားသင့်တဲ့ အချက်များ ( အပိုင်း ၁ )


ဘ၀ရဲ့ သုံးပုံပုံ တစ်ပုံဟာ ပိုးမွှားတွေ၊ ဘက်တီးရီးယားတွေကြားထဲမှာ တွားသွားနေရတယ်ဆိုတာ သိရဲ့လား? အူယားစရာကြီးပေါ့။ ၀မ်းနည်းစရာကောင်းတာကတော့ ဒါဟာအမှန်တရားဖြစ်သလို ရှောင်လွှဲလို့လဲ မရပါဘူး။ ဒီတော့ ဒီလိုညစ်ပတ်ပြီး ရွံစရာကောင်းနေတဲ့ အဖြစ်မှန်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပြောပြပါမယ် ( ယာယီဖြေရှင်းနည်းပေါ့ )

သင်ဟာ ညတိုင်း ၁.၅ သန်းကျော်ရှိတဲ့ ဖှုန်မှုန့်နဲ့ ပိုးမွှားတွေကြားမှာ အိပ်စက်နေတာဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ အိပ်ယာထပြီးတာနဲ့ အိပ်ယာခင်းတွေအားလုံးကို နေလှန်းပြီး စိုစွတ်မှုတွေ လေထဲမှာ အငွေ့ပျံသွားအောင် လုပ်ခြင်းဖြင့် ပိုးမွှားအရေအတွက် နည်းပါးသွားအောင် လုပ်နိုင်ပါတယ်။

ကော်ဇောခင်းမှာ ရှိနေတဲ့ ဘက်တီးရီးယားပမာဏဟာ အိမ်သာထဲမှာရှိတဲ့ ပမာဏထက် အဆပေါင်း ၄၀၀၀ ပိုများပါတယ်။

ကော်ဇောပေါ်နင်းတိုင်း ခြေဖျားထောက် နင်းတော့မယ်လို့ပဲ တွေးမနေပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်ပုံမှန် ကော်ဇောနဲ့ ကြမ်းပြင်တွေကို ဖုန်စုပ်သန့်စင်ပေးခြင်းဖြင့် ဘက်တီးရီးယားတွေကို ဖယ်ရှားပေးသင့်ပါတယ်။

သင့်ဖုန်းက ထိုင်ခုံတန်းလျားထက် ပိုပြီးညစ်ပတ်တယ်ဆိုတာရော သိပါသလား?

ဟုတ်ပါတယ်..ညအိပ်တဲ့အခါ ခေါင်းအုံးအောက်မှာ ရှိနေတတ်တဲ့ - မျက်နှာမှာကပ်၊ ပါးမှာအပ်ပြီး ပြောလေ့ရှိတဲ့ ဖုန်းက ပိုညစ်ပတ်ပါတယ်။ ဖုန်းမှာ ကပ်ငြိနေတတ်တဲ့ ရောဂါပိုးမွှားတွေကို ရှင်းလင်းသုတ်သင်ဖို့အတွက် အရက်ပျံနည်းနည်းနဲ့ ဖုန်းမျက်နှာပြင်ကို လေးငါးရက်တစ်ခါ ပွတ်တိုက်သန့်ရှင်းပေးသင့်ပါတယ်။

ခေါင်းအုံးတွေဟာ နှစ်တွေကြာတာနဲ့အမျှ ဖှုန်မှုန့်၊ ပိုးမွှားနဲ့ ဆဲလ်အသေတွေကို စုဆောင်းထားတတ်ကြပါတယ်။

၁၀ အောင်စလောက်သာ အလေးချိန်ရှိတဲ့ ခေါင်းအုံးတွေဟာ ၃ နှစ်လောက်ကြာတဲ့အခါမှာတော့ ၂ ဆခန့် လေးလံလာတာဟာ ဒီအရာတွေကြောင့်ပဲဖြစ်ပါတယ်။ ခေါင်းအုံးတွေကို ပုံမှန်လျှော်ဖွတ်ခြင်း၊ ရိုက်ပုတ်ဖှုန်ခါခြင်းတွေ ပြုလုပ်ပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

အိပ်ယာထဲမှာလည်း ပိုးမွှားတွေ စုစည်းနေပါတယ်။

၈ နှစ်နဲ့အထက် အသုံးပြုထားတဲ့ မွေ့ယာတွေမှာလည်း ၁၀ ပေါင်နဲ့အထက် ဆဲလ်အသေတွေနဲ့ စုစည်းနေတတ်ပါတယ်။ မွေ့ယာကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ဖှုန်စုပ်စက်ကို အသုံးပြုပြီး အကြိုအကြားတွေအထိ သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

( Michelle )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : MSN






Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment