Powered by Blogger.

ကိုယ့်အိပ်ခန်းအကြောင်း သိထားသင့်တဲ့ အချက်များ ( အပိုင်း ၂ )


လူတွေဟာ နှစ်စဉ် ၂၆ ဂါလံပမာဏ ချွေးတွေကို အိပ်ယာထဲမှာ ထုတ်လုပ်ကြပါတယ်။

ပူနွေးစိုစွတ်တဲ့ အခန်းတွေမှာဆိုရင် မှိုတွေပေါက်ဖွားမှု မြင့်မားပါတယ်။ ဒါကြောင့် မွေ့ယာ၊ အခင်းတွေကို Lysol လို စပရေးမျိုး ဖျန်းနိုင်ပါတယ်။ ဒီစပရေးမျိုးက အ၀တ်စတွေအတွက် အသုံးပြုနိုင်ပြီး မှိုတွေတက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ ညအိပ်ဝတ်စုံမှာလည်း ဘက်တီးရီးယားတွေ ရှိနေနိုင်ပါတယ်။

ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ ညအိပ်ဝတ်စုံတစ်စုံကို ၁၇ ညလောက် ၀တ်လေ့ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ ဒီလို ညအိပ်ဝတ်စုံတွေမှာ ကိုယ့်ရဲ့ ဆဲလ်အသေတွေဟာ ကပ်ညိနေတတ်တာကြောင့် ဘက်တီးရီးယားတွေ အများကြီး ရှိနေနိုင်တာကြောင့် ညအိပ်ဝတ်စုံကို ၃ ရက်တစ်ကြိမ်လောက်တော့ လျှော်ပေးသင့်ပါသတဲ့။

မိတ်ကပ်အလှပြင်ပစ္စည်း အဟောင်းတွေမှာ အန္တရာယ်များတဲ့ ဘက်တီးရီးယားတွေ ရှိနေပါတယ်
မိတ်ကပ်အလှကုန်ပစ္စည်းတွေကိုလည်း သက်တမ်းကုန်မကုန် စစ်ဆေးကြည့်သင့်ပါတယ်။

ဒိတ်လွန်ပစ္စည်းတွေရဲ့ ၅ ခုမှာ ၄ ခုလောက်ဟာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားနေနိုင်ကြောင့် စမ်းသပ်တွေ့ရှိထားလို့ ဖြစ်ပါတယ်။

အိမ်မွေးအချစ်တော်လေးတွေနဲ့ အတူတူအိပ်တာဟာလည်း နေထိုင်မကောင်းခြင်း သို့ ကပ်ပါးကောင်တွေ ကိုယ့်ဆီကို ကူးစက်စေနိုင်ပါတယ်

ပညာရှင်တွေအဆိုအရ အိမ်မွေးတိရစ္ဆာန်တွေဟာ ကူးစက်ရောဂါတွေကို သယ်ဆောင်လာနိုင်တတ်ပါတယ်။ တစ်ပါတ်ကိုတစ်ကြိမ် အိပ်ယာခင်းတွေခေါင်းအုံးစွပ်တွေကို လျှော်ဖွပ်ဆေးကြောပေးခြင်း ဒါမှမဟုတ် ကိုယ့်ရဲ့အမွေးထူထူ သူငယ်ချင်းလေးကို သပ်သပ်ခွဲသိပ်သင့်ပါတယ်။

ဗိုင်းရပ်စပ်တွေဟာ ၄၈ နာရီကြာ အခန်းတွင်းမှာ နေထိုင်အသက်ရှင်နိုင်ကြပါတယ်
သဘောကတော့ အိမ်မှာ မိသားစုဝင်တစ်ဦး နေထိုင်မကောင်းဖြစ်ပြီဆိုရင် ကျန်တဲ့သူတွေဟာလည်း ကူးစက်ခံရဖို့ များပါတယ်။ ဘာလို့လည်းဆိုရင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ ၂ ရက်အကြာအထိ အခန်းတွင်းမှာ ရှိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီပိုးမွှားတွေကို ရှင်းလင်းပစ်ဖို့အတွက် EPA အသိအမှတ်ပြု ပိုးသတ်ဆေးစပရေးမျိုးကို အခန်းတွင်းမှာ ပက်ဖျန်းထားသင့်ပါတယ်။


( Michelle )



#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref :MSN


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment