ကယ်လီဖိုးနီးယားက လူတစ်ဦးက သူတို့မိသားစုရဲ့ အချစ်တော် ၈နှစ်သား စပါးကြီးမြွေကြီးနဲ့အတူ ရေကူးနေတဲ့ သူ့သမီးငယ်လေးရဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။
ဒီဗီဒီယိုကို YouTube မှာ Corey Wallace ဆိုသူက တင်ထားခဲ့တာဖြစ်ပြီး သူ့သမီးငယ်လေးနဲ့အတူ ရေကူးနေတဲ့ မြွေကြီးကို တွေ့ရမှာဖြစ်ပါတယ်။
ကောင်မလေးက ရေကူးနေစဉ်မှာ မြွေကြီးကို ကိုင်တွယ်ကူးခတ်ခဲ့ပြီး ပြောသမျှကို နားလည်ပြီး လိုက်လုပ်နေတဲ့ မြွေကြီးကိုတွေ့ရမှာပါ။
စပါးကြီးမြွေကြီးဟာ အသက်ရှိနေသေးတဲ့ ဘယ်အစားအစာကိုမှ မစားဘူးလို့ ဆိုပါတယ်။
သူက ကျွန်တော်တို့ရဲ့ ခွေးတွေကြောင်တွေကို နှစ်သက်သလို ဘယ်အကောင်ကိုမှလည်း မသတ်ဖြတ်ခဲ့ဖူးပါဘူး လို့လည်း ရေးသားထားပါသေးတယ်။
ဗီဒီယိုက ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဒီတစ်ပတ်အတွင်းမှာမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment