Powered by Blogger.

ကိုယ်ဝန်ဆောင်ချိန် ၃၆ပတ်နဲ့စောပြီး မွေးဖွားတဲ့ကလေးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျနိုင်


 ကိုယ်ဝန်ဆောင်ချိန်စောစီးပြီး မွေးဖွားတဲ့ကလေးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျနိုင်ပြီး ကျောင်းနေအရွယ်မတိုင်မီ ဒီလိုဖြစ်တာကို မသိရှိနိုင်ဘူးလို့ သုတေသနတစ်ရပ်ကဆိုပါတယ်။ မီချီဂန်တက္ကသိုလ် သုတေသီတွေရဲ့ တွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ချိန်စောစီးပြီး မွေးဖွားတတ်တဲ့ ကလေးတွေဟာ အခုလိုဖွံ့ဖြိုးမှုနှုန်းနောက်ကျနိုင်တာကိုတွေ့ရှိခဲ့ရတာပါ။


ကိုယ်ဝန်ဆောင်ချိန် ၃၄ပတ်ကနေ ၃၆ပတ်အတွင်း မွေးဖွားလာတဲ့ကလေးတွေဟာ တစ်ဖက်မှာ ၃၉ပတ်ကနေ ၄၁ပတ်ကြားမွေးဖွားတဲ့ သာမန်ကလေးတွေနဲ့စာရင် ဥာဏ်ရည်နိမ့်တာ၊ အာရုံကြောဆွဲငင်မှုတွေမှာ ကွဲပြားမှုနှုန်းနည်းတာနဲ့ တခြားဦးနှောက်ဖွဲ့စည်းပုံမတူညီတာတွေ ဖြစ်နိုင်ခြေရှိတာပါ။

ဒီလိုကွဲပြားခြားနားပြီး ဥာဏ်ရည်နှောင့်နှေးမှုတွေကို ဘဝအစပိုင်းမှာ ဖော်ထုတ်ဖို့ ခက်ခဲပြီး နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါမှသာ သိလာတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ စောစီးမွေးဖွားတဲ့ကလေးတွေနဲ့ သာမန်ကလေးတွေအုပ်စုကြားမှာ ကွဲပြာမှုတွေကိုတွေ့ခဲ့ရပါတယ်” လို့ မီချီဂန်တက္ကသိုလ်ရဲ့ M.D., ဖြစ်သူ ဒေါက်တာ Prichi Shah ကဆိုပါတယ်။

လေ့လာမှုကို Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး သုတေသီတွေဟာ ၃၄ပတ်ကနေ ၃၆ပတ်ကြား စောစီးမွေးဖွားတဲ့ ကလေး ၁၀၀၀နဲ့ သာမန် ၃၇ပတ်ကနေ ၃၈ပတ်ကြား သာမန်ကလေး ၁၈၀၀ ကျော်ကိုလေ့လာရာမှာ အခုလို ရလဒ်ကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

( Beauty Syh )



#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
 



Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment