Powered by Blogger.

ရောမခေတ်ယောက်ျားရုပ်ထုတွေမှာ အမျိုးသားအင်္ဂါသေးငယ်နေရတဲ့ အကြောင်းရင်း



ရောမခေတ်က ထုလုပ်ခဲ့တဲ့ အမျိုးသားပုံရုပ်ထုတွေဟာ လက်ရာမြောက်ပြီး ကမ္ဘာပေါ်မှာ ထင်ရှားပါတယ်။

ဒီလိုမျိုး ခန့်ထည်တဲ့ ရုပ်ထုတွေမှာ လူတွေအမြဲမေးလေ့ရှိနေတာကတော့ ဘာ့ကြောင့် အမျိုးသားအင်္ဂါဟာ လူအရွယ်အစားနဲ့မလိုက် သေးငယ်နေရလဲဆိုတာပါပဲ။ ဒီဘက်ခေတ်ယောက်ျားပီသမှုမှာ လိင်အင်္ဂါကြီးတာကိုလည်း ကောင်းခြင်းတစ်ရပ်အဖြစ် လက်ခံထားကြပါတယ်။

ရောမခေတ်က ထုလုပ်ခဲ့တဲ့ ယောက်ျားရုပ်ထုတွေကတော့ ပြောင်းပြန်ပါ။ ကြွက်သားအဖုအထစ်တွေနဲ့ ကြည့်ကောင်းပေမယ့်လည်း အဓိက နေရာမလှဖြစ်နေတာကြောင့် အတော်များများက မေးခွန်းထုတ်ကြပါတယ်။

ဒါကိုတော့ သမိုင်းကျွမ်းကျင်ပညာရှင် အယ်လင်အိုရက်ဒ်ဆန်က အဓိက မေး မေး နေကြလို့ ဖြေကြားလိုက်ပါပြီ်။



အယ်လင်ကတော့ ရောမခေတ်ယောက်ျားတွေဟာဆိုရင်တော့ လူစဉ်မီတဲ့ အင်္ဂါရှိကြတယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း အဲ့လို အင်္ဂါကြီးတယ်ဆိုတာဟာ ကောင်းတဲ့အချက်မဟုတ်ဘူးလို့ ရောမခေတ်က လက်ခံထားကြပါတယ်။

လိင်အင်္ဂါကြီးမားမှုဟာ အဲ့ဒီခေတ်က ယောက်ျားလေးတွေအတွက်တော့ ရုပ်ဆိုးစေတဲ့ အချက်ဖြစ်ပြီး ကိုယ်ကျင့်တရားကိုလည်း ညစ်နွမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။ လိင်အင်္ဂါကြီးမားတဲ့ ယောက်ျားဟာ အကျင့်သိက္ခာမပြည့်စုံတဲ့ ယောက်ျားဖြစ်ပြီး လိင်ကိစ္စကိုသာ စိတ်ဝင်စားနေတဲ့သူ ၊ မိန်းမတွေနဲ့ဆက်ဆံဖို့ကိုသာ အားသန်နေတဲ့လူဖြစ်ပြီး တိရစ္ဆာန်သာသာ လိင်ဆက်ဆံဖို့အသိဥာဏ်သာ ရှိတဲ့လူမျိုးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

ဒါ့ကြောင့် ရောမခေတ်ရုပ်ထုတွေမှာ သေးငယ်တဲ့ လိင်အင်္ဂါကိုသာ ထည့်သွင်းထုလုပ်တာဖြစ်တယ်လို့ အယ်လင်က ပြောကြားခဲ့ပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment