Powered by Blogger.

SPY ကင်မရာကို တွေ့သွားတဲ့ ပိုလာဝက်ဝံက ဝက်ဝံပေါက်လေးတွေနဲ့ Selfie ရိုက်


ဝက်ဝံအသိုက်ရှိတဲ့ နေရာမှာ ထားထားတဲ့ SPY ကင်မရာကို ၀က်ဝံအမေကြီးက ရှာဖွေတွေ့ရှိသွားပြီး သူ့ရဲ့ကလေးငယ်လေး အပြင်ထွက်ပြီး စတင်လမ်းလျှောက်တာနေတာကို ကင်မရာနဲ့ ရိုက်ကူးမှတ်တမ်းတင်ထားခဲ့ပါတယ်။

BBC Documentary ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ John Downer Productions က ဒီမှတ်တမ်းရုပ်ရှင်ကို YouTube မှာ တင်ထားပေးခဲ့တာ ဖြစ်ပါတယ်။ ၀က်ဝံအမေကြီး လက်ထဲမှာ ကင်မရာဟာ ကစားစရာဖြစ်သွားပြီး ၀က်ဝံပေါက်ကလေး အသိုက်ထဲကနေ ပထမဆုံး အပြင်ထွက်လမ်းလျှောက်ချိန်မှာ ၀က်ဝံအမေကြီးကိုယ်တိုင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဝက်ဝံအမေကြီးဟာ ကင်မရာကို လှည့်လိုက်ပြီး သူရဲ့ဝက်ဝံပေါက်ကလေးနဲ့အတူ Selfie လည်း ရိုက်ကူးထားခဲ့ပါသေးတယ်။ ပြီးတော့ အဝေးကို မထွက်ခင် ကင်မရာကို စိတ်ဝင်တစားနဲ့ ကြည့်သွားပါသေးသတဲ့။

 “ ကျွန်တော်တို့ရဲ့ Spy ကင်မရာက ၀က်ဝံပေါက်ကလေး အသိုက်ထဲကနေ ပထမဆုံး အပြင်ထွက်လမ်းလျှောက်ပုံအပါအ၀င် ပိုလာဝက်ဝံတွေရဲ့ အကောင်းဆုံးပုံတွေကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီပုံတွေကို ကူညီရိုက်ကူးပေးခဲ့တဲ့ ၀က်ဝံအမေကြီးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။





( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment