နယူးယော့ခ်မြို့က အမျိုးသားတစ်ဦးဟာ အထင်ကရ Empire State အဆောက်အအုံကြီးကို မိုးကြိုးပစ်ချလိုက်ပုံကို ဗီဒီယိုရိုက်ကူးပြီး အမိအရမှတ်တမ်း တင်ထားခဲ့နိုင်ပါတယ်။
Henrik Moltke ကို တနင်္လာနေ့ ညနေခင်းက နယူးယော့ခ်မြို့ ကောင်းကင်ယံက မိုးကြိုးမုန်တိုင်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို YouTube မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
မိုးကြိုးပစ်ချအပြီးမှာတော့ “ ရပြီကွ “ လို့ ပြောလိုက်တဲ့ Henrik ရဲ့ အသံကိုလည်း ဗီဒီယိုထဲမှာ ကြားရမှာပါ။
Empire State အဆောက်အအုံရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာတော့ အဆောက်အအုံကြီးဟာ တစ်နှစ်မှာ ၂၃ ကြိမ်လောက် မိုးကြိုးပစ်ခံရလိမ့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment