Powered by Blogger.

ချစ်သူဖြစ်သူကို နာဇီစစ်ရေးပြအခမ်းအနားပုံစံနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား


အင်္ဂလန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ အချိန်အတော်ကြာလက်တွဲခဲ့တဲ့ ချစ်သူဖြစ်သူကို အများနဲ့မတူတဲ့ လက်ထပ်ခွင့်တစ်မျိုးနဲ့ အားလုံးကို အံ့ကြစေခဲ့ပါတယ်။

 အသက် ၂၁ နှစ်အရွယ်ကောင်လေးနဲ့ ၁၉ နှစ်အရွယ် ကောင်မလေးတို့ဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်ကို ပြန်လည်အောက်မေ့တဲ့ အနေနဲ့ ၊ ဒုတိယကမ္ဘာစစ်တွင်းကလို ဝတ်ဆင်ထားတဲ့ လူ ၁၀၀ ကျော်ရှေ့မှာ ဒီအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

အခုလိုဝတ်ဆင်ထားတဲ့ သူတွေကတော့ နှစ်ဖက်မိဘဆွေမျိုးတွေဖြစ်ပြီး တွမ်ဆွိဆိုတဲ့ကောင်လေးက ဒူးထောက်ပြီး ကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်ချိန်မှာ အားလုံးက ကောင်းချီးသြဘာပေးခဲ့ကြပါတယ်။


တွမ်ဟာဆိုရင်တော့ သမိုင်းကြောင်းတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ချစ်သူဖြစ်သူ မာဆယ်လ်လာကိုလည်း သမိုင်းဘာသာရပ်ကို လေ့လာရာကနေ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဆုံတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အကြိုက်လည်း တူကြပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာလည်း သမိုင်းကြောင်းစာအုပ်တွေ အမြဲတမ်းလက်ဆောင်ပေးတတ်ကြတယ်လို့လည်း သိရပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment