Powered by Blogger.

ကွန်ကရစ်စည်းရိုးကြားမှာ ခေါင်းညပ်နေတဲ့ ကောင်မလေးကို မီးသတ်သမားများ ကယ်ဆယ်


တရုတ်နိုင်ငံမှာ အရေးပေါ်ကာကွယ်ရေး လုပ်ဆောင်သူတွေက ကွန်ကရစ်စည်းရိုးနှစ်ခုကြားမျာ ခေါင်းညပ်နေတဲ့ အသက်၈နှစ်အရွယ် ကောင်မလေးကို ကယ်ဆယ်ခဲ့ပါတယ်။

ရဲသားတစ်ယောက်က ကောင်မလေးရဲ့ခေါင်းကို ကိုင်ထားပေးပြီး မီးသတ်သမားတွေက ကွန်ကရစ်တွေကို ဖြတ်တောက်ပြီး ကယ်ဆယ်ခဲ့ကြတာပါ။

မီးသတ်သမားတွေက ဆောက်လုပ်ရေး ပစ္စည်းတွေကို အသုံးပြုပြီး ကွန်ကရစ်တွေကို ဖဲ့ ၊ တိုင်ကိုဖယ်ပြီး ကယ်ဆယ်ခဲ့ကြပါတယ်။

စတင်ဖယ်ရှားရာမှ ၅ မိနစ်ကြာချိန်မှာတော့ ကောင်မလေးကို ဘာအနာတရမှ မရှိစေပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment