Powered by Blogger.

ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး လေယာဉ်ပေါ်တွင် ကလေးမွေးဖွား


ဒူဘိုင်းကနေ ဖိလစ်ပိုင်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မမျှော်လင့်ပဲ အမျိုးသမီးတစ်ယောက်က ကလေး မွေးဖွားခဲ့ပါတယ်။

အရေးပေါ်အနေနဲ့ လေယာဉ်ကို အိန္ဒိယနိုင်ငံမှာ ဆင်းသက်ပြီး မွေးဖွားခဲ့ရတဲ့ Missy Berberabe Umandal က သူနဲ့ သူ့သမီးအသစ်လေး ပုံကို လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ ဖေါ်ပြခဲ့ပါတယ်။

‘Cebu Pacific Air လိုင်းမှာ သာမန်တန်းကနေ စီးနေကျပါ။လေယာဉ်ခုံနားက အမျိုးသမီးတစ်ယောက် က ဒူဘိုင်းကနေ ဖိလစ်ပိုင်ကို ပြန်တဲ့လမ်းမှာပဲ ကျန်းမာတဲ့ သမီးလေးကို ကူညီပြီး မွေးဖွားပေးခဲ့ပါတယ်။’ လို့ Umandal က ရေးသားခဲ့ပါတယ်။

Umandal ပြောကြားချက်အရ ကိုယ်ဝန်က အောက်တိုဘာမတိုင်ခင် မွေးဖွားဖို့မရှိဘူးလို့ သိရပေမယ့် လေယာဉ်စီးပြီး ၅နာရီ အကြာမှာ မီးဖွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်မယ်တွေနဲ့အတူ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်တဲ့ သူနာပြုနှစ်ဦးက Umandal ကို လေယာဉ်ရှေ့ပိုင်းကို ပို့ပြီး ကလေးရော အမေပါ စိတ်ချရတဲ့အထိ စောင့်ရှောက်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံပေါ် လေယာဉ်မဆင်းသက်ရသေးချိန်မှာ လေယာဉ်ပေါ်က တခြားမိဘတွေက သူ့သမီးလေးအတွက် အ၀တ်အထည်တွေကို ကူညီပေးခဲ့ကြပါတယ်တဲ့။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment