Powered by Blogger.

ဘဲတစ်ကောင်နဲ့ မမျှော်လင့်ပဲ သူငယ်ချင်းဖြစ်သွားတဲ့ ခွေးလေး


သူငယ်ချင်းအဖေါ်ခွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ၀မ်းနည်းပူဆွေးနေတဲ့ ခွေးလေးက ဘဲတစ်ကောင်ကြောင့် မမျှော်လင့်ပဲ စိတ်သက်သာရာ ရခဲ့ပါတယ်တဲ့။

George ဆိုတဲ့ခွေးလေးက သူ့မိသားစုဝင်ဖြစ်တဲ့ ခွေးလေး Blackie ကို လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်ကျရောဂါ ခံစားနေရတာပါ။

‘ဒီကြားထဲမှာ သူ သေမလို နှစ်ခါဖြစ်တယ်၊ ဘာမှ မစားဘူး။ သူ့ကိုယ်သူ အစာငတ်ပြီး သေအောင်လုပ်တာ။ သူ့ကိုယ်သူလည်း အနာတရဖြစ်အောင် ကိုက်တယ်။

 ဒါပေမယ့် အိမ်နားမှာ ဘဲဖြူကြီး တစ်ကောင်ကိုတွေ့ပြီး သူတို့အချင်းချင်းရင်းနှီးသွားပုံပဲ။ အဲ့ဒီနောက်မှာတော့ George ပြောင်းလဲလာတယ်။အရင်ကဆို သူက အိမ်ထဲကိုလည်းမလာချင်ဘူး၊ ရင်းရင်းနှီးနှီးမနေချင်ဘူး၊ ပြန်လာရင်လဲ ကားနားမှာ မကြိုဘူး ၊ ၀မ်းနည်းနေတဲ့ပုံပါ။

ဘဲဖြူကြီးနဲ့ တွေ့ပြီးတဲ့ နောက်မှာတော့ ဘဲကြီးကလဲ သူ့နားက မခွာဘူး ၊ George ကလည်း သူ့အိပ်ရာပေါ်မှာလည်း ပေးနေတယ်။ သူ့ကို ပွတ်သီးပွတ်သတ်လုပ်တာကိုလဲ လက်ခံတယ်။ သိသိသာသာကို ပြောင်းလဲလာတယ်။ သူတို့အချင်းချင်း အားပေးနှစ်သိမ့်ဖော် ရသွားတာ ထင်ပါတယ်’ လို့ သခင်ဖြစ်သူ Litton က ပြောပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment