New Hampshireမြို့က ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ Jason Short က ပူလောင်နေတဲ့ကားထဲမှာ အ၀တ်တွေနဲ့ပတ်ထားတဲ့ ကလေးလေးကို တွေ့ခဲ့ပါတယ်။
‘စောင်နဲ့ပတ်ထားတယ်၊ သူ့ရဲ့ ဖိနပ်စီးမထားတဲ့ ခြေချောင်းလေးတွေနဲ့ နို့ဘူးကို ကျွန်တော်တွေ့တယ်’ လို့ Short က ပြောပါတယ်။
Short က သူ့ရဲနံပါတ်တုတ်နဲ့ ကားမှန်ကို ရိုက်ခွဲပြီး ကားထဲက ကလေးကို အသက်ရှုလို့ ရအောင်လုပ်ခဲ့တာပါ။
‘ကျွန်တော် သူ့ပါးစပ်ထဲကို လက်ချောင်းထိုးထည့်ပြီး ကယ်ဖို့လုပ်တယ်၊ အဲဒီမှာတင် ရပ်သွားတာပဲ၊ ဒါက ကလေးအရုပ်ဖြစ်နေတယ်’ လို့ Short က ပြောပါတယ်။
Ainsley လို့ အမည်ရတဲ့ ဒီအရုပ်လေးကို Carolynne Seiffert ဆိုတဲ့ အမျိုးသမီးက ပိုင်ဆိုင်တာဖြစ်ပြီး ဒေါ်လာ ၂ထောင်ကျော် တန်ပါတယ်။
Seiffert မှာ အရုပ်ပေါင်း ၄၀ကျော်လောက်ရှိပါတယ်။သူ့ရဲ့ သေသွားတဲ့ သားလေးနေရာမှာ အစားထိုးဖို့ ၀ယ်ယူခဲ့တာပါ။
‘ယောက်ယက်ခတ်သွားတာတွေကြောင့် ကျွန်မ ရယ်လည်းရယ်ရ ရှက်လည်းရှက်ရပါတယ်။ လူတွေက ဘ၀မှာ သူတို့ဆုံးရှုံးရတာတွေကို ဘယ်လို ရင်ဆိုင်ကြလဲဆိုတာ ရှင်တို့တွေ မသိနိုင်ပါဘူး’ လို့ Seiffert က ပြောပါတယ်။
ရဲတွေက Seiffert ရဲ့ ကားအတွက် ပြင်ဆင်ဖို့စရိတ်ပေးခဲ့ပြီး ကားဘန်ပါမှာ ဒီအရုပ်ဟာ ကလေးအစစ် မဟုတ်ကြောင်း သိစေမယ့် စတစ်ကာကိုလည်း ကပ်ပေးခဲ့ပါတယ်။ အထင်မှားပြီး Short လိုမျိုး ကယ်ဆယ်ဖို့ ကြိုးစားမိကြမှာ စိုးရိမ်လို့ပါ။
‘ ကျွန်တော်ကတော့ အရုပ်လို့မသတ်မှတ်ပါဘူး။ အမြဲတမ်းတကယ့် ကလေးလို့ပဲ သတ်မှတ်မှာပါ။ ဒီလိုအခြေအနေမျိုး ထပ်ကြုံရင်လဲ ခုလိုပဲ လုပ်ဆောင်သွားမှာပါ ‘ လို့ Short ကပြောပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment