Powered by Blogger.

အနာဂတ် sex doll တွေမှာ သုံးစွဲသူကို ပြန်လည်မေတ္တာမျှနိုင်တဲ့ AI ပါဝင်လာတော့မည်


အခုခေတ် တစ်ကိုယ်တော် ပုရိသတွေကြားမှာ ဈေးကွက်ဖြစ်နေတဲ့ Sex Doll တွေကတော့ ပိုပြီးတော့ အဆင့်မြင့်လာဖို့သာရှိနေပါတယ်။ သင်ယူနိုင်စွမ်းရှိတဲ့ လူလုပ် သိဥာဏ်တု (AI စနစ်)ကို Sex Doll တွေမှာထည့်သွင်းသွားတော့မှာဖြစ်တာကြောင့် Sex doll တွေဟာ အသုံးပြုသူပိုင်ရှင်တွေကို လူသားတစ်ယောက်လိုပဲ ချစ်မေတ္တာပြန်ပေးလာနိုင်တော့မှာပါ။

Sex Doll တွေ ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်မှာ ဦးဆောင်လျက်ရှိနေတဲ့ RealDoll ကုမ္ပဏီရဲ့ CEO ဖြစ်သူ မတ်မက်မူလင်ကတော့ သူတို့ကုမ္ပဏီရဲ့ နောက်ထပ်အနာဂတ်ခြေလှမ်းဟာဆိုရင်တော့ Sex Doll တွေမှာ AI စနစ်ကို ထည့်သွင်းသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

RealDoll ရဲ့ CEO မတ်မက်မူလင်

အကယ်လို့သာ AI စနစ်နဲ့ Sex Doll ထုတ်လုပ်မှုက ကာလရှည်ကြာမြင့်အုံးမယ်ဆိုရင်တော့ အသုံးပြုသူတွေအတွက် အပြင်ကမ္ဘာမှာ တကယ်ခံစားရသလိုဖြစ်နေမယ့် VR ဝန်းကျင်တစ်ခုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ မူလင်က ပြောကြားခဲ့ပါတယ်။

“AI နဲ့ VR သိပ်လိုက်ဖက်တဲ့ နာမည်ပါပဲ။ အသုံးပြုသူရဲ့ စိတ်ချမ်းသာမှုကို ကျွန်တော်တို့က အလေးထားပြီး လုပ်ဆောင်နေတာပါ” လို့ မက်မူလင်ကပြောကြားခဲ့ပါတယ်။ တကယ်လို့ AI စနစ်နဲ့ sex doll တွေသာ ဈေးကွက်ထဲဝင်ရောက်လာရင်တော့ အမျိုးသားအများစုဟာ sex doll တွေနဲ့ လက်ထပ်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ အမှန်ဖြစ်လာနိုင်ချေရှိနေပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment