Powered by Blogger.

ကိုယ်ဝန်ဆောင်ချိန် ၁၇ လထိရှိလာတဲ့ တရုတ်အမျိုးသမီး ဂင်းနစ်စံချိန်တင်ဖွယ်ရှိ


တရုတ်နိုင်ငံ Tianping မြို့က Wang Shi အမည်ရ အမျိုးသမီးကတော့ ကမ္ဘာ့ကိုယ်ဝန်ဆောင်ချိန် အကြာမြင့်ဆုံး အမျိုးသမီးတစ်ယောက်အဖြစ် စံချိန်တင်ဖွယ်ရှိနေပါတယ်။ သူမဟာ အရင်နှစ် နိုဝင်ဘာလတည်းက ကလေးမွေးဖွားဖို့ ကြိုးစားခဲ့ပေမယ့်လည်း ယခုအချိန်အထိ မွေးဖွားဖို့ ကြန့်ကြာနေခဲ့တာပါ။

ဒေသခံ မီဒီယာတွေရဲ့ သတင်းတွေအရတော့ ၂၀၁၅ ဖေဖော်ဝါရီလအတွင်းမှာ စတင်ပြီး ကိုယ်ဝန်ရှိခဲ့တဲ့ Wang Shi ဟာဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလကိုးလအကြာမှာ ကလေးကို မွေးဖွားဖို့အတွက် ဆရာဝန်တွေနဲု့တိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ အချင်းကြောင့် ဆရာဝန်တွေက မွေးဖွားဖို့ အဆင်မပြေသေးဘူးလို့ ပြောပြီး စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Wang နဲ့ သူမရဲ့ အမျိုးသားဖြစ်သူတို့ဟာ ဆိုရင်တော့ ခုနစ်ရက်ကနေ ဆယ်ရက်ခြားတစ်ခါ ဆရာဝန်တွေနဲ့ ဆေးစစ်မှုကို ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ အခုလို အခြေအနေကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပေမယ့်လည်း မိခင်ရော ၊ ကလေးကတော့ ကျန်းမာလျက်ရှိနေတယ်လို့ သိရပါတယ်။

Wang ကတော့ သူမရဲ့ ကိုယ်ဝန်ဆောင်ချိန် ကာလ ကြာမြင့်နေမှုကြောင့် ရှက်ရွံ့လျက်ရှိနေပြီး နောက်တစ်လအတွင်းမှာတော့ ကလေးကို အောင်အောင်မြင်မြင် မွေးဖွားသွားဖို့ မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်အလေးချိန် ၂၆ ကီလိုဂရမ်အထိ တက်လာပေမယ့်လည်း ကျန်းမာရေးကတော့ ကောင်းမွန်လျက်ရှိနေတယ်လို့ သိရပါတယ်။

သူမအတွက် သတင်းကောင်းတစ်ခုအနေနဲ့တော့ ကမ္ဘာ့ကိုယ်ဝန်ဆောင်ချိန် အကြာမြင့်ဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်တင်ဖွယ်ရှိနေတာပါ။ Beulah Hunter အမည်ရတဲ့ အမေရိကန် အမျိုးသမီးဟာ ၁၉၄၅ ခုနှစ်တုန်းက ရက်ပေါင်း ၃၇၅ ရက်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် ၅၁၇ ရက်အထိ ရှိနေတဲ့ Wang Shi ဟာဆိုရင်တော့ သက်ဆိုင်ရာ ထောက်ခံချက်တွေရရှိပြီးတဲ့နောက်မှာ ဂင်းနစ်စံချိန်တင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ကလေးရဲ့အလေးချိန်ကတော့ ခန့်မှန်းခြေ ၃.၈ ကီလိုရှိပြီး နောက်တစ်လအတွင်းမှာ ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်ပါစေလို့ အားလုံးက ဆုမွန်ကောင်းတွေ တောင်းပေးလျက်ရှိနေကြပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Odd News

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment