Powered by Blogger.

သြစတေးလျနိုင်ငံက ကားစက်အင်ဂျင်ထဲမှာ စပါးအုံးမြွေတွေ့ရှိ


သြစတေးလျနိုင်ငံက အော်တိုကားတစ်စင်းရဲ့ အင်ဂျင်ထဲမှာ ကြီးမားတဲ့ စပါးအုံးမြွေကြီးကို တွေ့ရှိခဲ့ပါတယ်။
Sunshin Coast မြွေဖမ်းအဖွဲ့က ကားစက်အင်ဂျင် အောက်နားမှာ ဒီမြွေကြီးကို တွေ့ရှိခဲ့တာပါ။

‘ကားစက်ပြင်ဖို့လုပ်နေတဲ့ စက်ပြင်သမားတွေကတော့ ဒါကိုတွေ့ပြီး တော်တော်လေး လန့်သွားကြပါတယ်။ ကြည့်ရတာ မြွေကြီးက နွေးနွေးထွေးထွေး နေချင်တာကြောင့် အင်ဂျင်ကြားမှာ နေရာယူလိုက်တာဖြစ်မယ်’ လို့ မြွေဖမ်းအဖွဲ့က မြွေဖမ်းသူတစ်ဦးဖြစ်တဲ့ Max က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စပါးအုံးမြွေကြီးရဲ့အရှည်က ၈ပေလောက်ရှည်ပြီး အင်ဂျင်ကြားမှာ ကြပ်ကြပ်ညပ်ညပ်နဲ့ ၀င်ခွေနေတာဖြစ်ပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment