Powered by Blogger.

ၾသစေတးလ် တိရိစ္ဆာန်ရုံထဲမှာ လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ကိုယ်ဝန်ဆောင် ဆင်မကြီး


သြစတေးလျတိရိစ္ဆာန်ရုံထဲက ကိုယ်ဝန်ဆောင်ထားတဲ့ ဆင်မကြီးက မမွေးဖွားခင်မှာ ကျန်းမာအောင် လေ့ကျင်ခန်းတွေကို  သူ့ရဲ့ ဆင်ထိန်းနဲ့ အတူ လုပ်ဆောင်နေပါတယ်။

ဆင်ထိန်းက သူ့အတွက် စားသောက်တဲ့ ပုံစံနဲ့ လေ့ကျင့်ခန်းပုံစံတွေကို အထူးပြုလုပ်ပေးထားပြီး မွေးဖွားရာမှာ အခက်အခဲမရှိပဲ ကျန်းမာအောင် စောင့်ရှောက်ပေးနေတာပါ။

ကိုယ်လက်လေ့ကျင့်ခန်းတွေထဲမှာ တာယာတွေကို စုပုံခိုင်းတာတွေ၊ အမြင့်နေရာတွေကို တဆင့်ခြင်းတက်ခိုင်းတာတွေ ၊ ခြေထောက်ဆန့်ခိုင်း မြှောက်ခိုင်းတာတွေ စတာတွေ ပါဝင်ပါတယ်။

အစားအသောက်ပုံစံအတွက်ကတော့ အသားဓါတ်များတာတွေ ၊ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ အရွက်တွေနဲ့ သစ်ကိုင်းတွေကို ကိုယ်ဝန်ဆောင်ချိန် ၂၂ လအတွင်း စနစ်တကျ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment