Powered by Blogger.

လူတစ်ယောက်က အလွယ်တကူ ရွေ့ပြောင်းလို့ရတဲ့ အိမ်သာ ထဲကနေ ဖုန်းကို ဆယ်ယူဖို့ ကြိုးစား


နော်ဝေးနိုင်ငံသား အမျိုးသားတစ်ယောက်က ရွှေ့ပြောင်းအိမ်သာထဲမှာ ကျသွားတဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ ဖုန်းကို ဆယ်ယူပေးဖို့ ကြိုးစားရင်း မစင်တွေကြားမှာ ပိတ်မိနေခဲ့ပါတယ်။

အထူးဖြစ်ရပ်အနေနဲ့ Dramen ပြည်နယ်က မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့က  အိပ်သာအိုးထဲကနေ လက်နှစ်ဖက်ထွက်နေတဲ့ Cato Berntsen Larsen ရဲ့ အဖြစ်ကို Facebook စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။
မီးသတ်ကယ်ဆယ်ရေးသမားတွေက အသက်၂၀ရှိပြီ ဖြစ်တဲ့ Berntsen Larsen ကို ကယ်ဖို့ ရွေ့ပြောင်းအိမ်သာကို လွှနဲ့ ဖြတ်ခဲ့ကြပါတယ်။

အပျော်တန်း ကားမောင်းသမားဖြစ်တဲ့ Berntsen Larsen က ‘သူငယ်ချင်းဖုန်း အိမ်သာထဲကျသွားတာကို ဆယ်ဖို့ နှစ်ခေါက်ပြန်မတွေးခဲ့ပါဘူး။ နေရာ ကျပ်ကျပ်တည်းတည်းနေရတာမျိုး အကြိုက်တတ်လို့ တော်တော်လေး စိုးရိမ်ကြောင့်လန့်ခဲ့ရပါတယ်။ ဒါက ကျွန်တော့ တစ်သက် ရွံစရာကောင်းတဲ့ စိတ်ပျက်ဖို့အကောင်းဆုံး အတွေ့အကြုံပါပဲ။ အထဲမှာ အခြားတိရိစ္ဆာန်တွေလဲ ရှိနေတယ် ’ လို့ ပြောပါတယ်။

ဆင်းတုန်းကတော့ ခန္ဓာကိုယ်က လွယ်လွယ်ကူကူ ဆင်းလို့ရတဲ့ အရွယ်အစား ဆိုပေမယ့် ပြန်တတ်တော့ မလွယ်တော့ဘူး လို့လည်း ဆိုပါတယ်။

အိမ်သာထဲ ဒိုက်ဗင်ထိုးဆင်းတဲ့ သူ့ကို ဆေးရုံကိုပိုပေးပြီး ထိခိုက်သွားတဲ့ လက်မောင်းအပေါ်နှစ်ဖက် နဲ့ အိမ်သာထဲမှာ တွေ့ကြုံခဲ့ရတာတွေအတွက် ပဋိဇီဝဆေး တွေနဲ့ ကုသပေးခဲ့ပါတယ်။


Bernsten Larsen တစ်ယောက် ဖုန်းကိုတော့ ဆယ်ယူနိုင်ခဲ့ပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment