Powered by Blogger.

ဗြိတိန်ရဲ့အကြီးမားဆုံး ၇.၅ကီလိုအလေးချိန်ရှိတဲ့ ပုဇွန်ထုပ်ကို ဟဲဗီးဝိတ်ချန်ပီယံရဲ့ နာမည်မှည့်ခေါ်


နာမည်ပြောင် JJ လို့ပေးထားတဲ့ ပုစွန်တုပ်ဘီလူးကြီးတစ်ကောင်ကို ဗြိတိန်ရဲ့ စူပါဟဲဗီးဝိတ်ချန်ပီယံ Joe Joyce လို့ မှည့်ခေါ်လိုက်တယ်လို့ သိရပါတယ်။ ဒီပုစွန်တုပ်ကြီးကို ယခုအခါမှာ ဗြိတိန်ရဲ့ အမျိုးသားရေအောက်ပြတိုက်မှာ ထားရှိပြသထားပါတယ်။

အလေးချိန် ၇.၆၅ကီလိုရှိတဲ့ ပုစွန်တုပ်ကြီးဟာ ဗြိတိန်ရေကြောင်းသမိုင်းမှာ ၁၉၃၁ခုနှစ်တုန်းက တွေ့ရှိခဲ့ရတာပြီးရင် အကြီးမားဆုံးဖြစ်ပါတယ်။ JJ ကို မြောက်ပိုင်းကမ်းခြေမှာ တွေ့ရှိခဲ့ရတာပါ။

JJ ရဲ့ အရောင်ဟာ နက်ပြာရောင်ပေါ်မှာ အစင်းခြစ်တွေရှိတဲ့ ဒီဇိုင်းပုံစံဖြစ်ပြီး ဒီလိုပုစွန်တုပ်မျိုးတွေကို အရှေ့အတ္တလန်တိတ်သမုဒ္ဒရာနဲ့ ပင်လယ်နက်တွေမှာ တွေ့ရတတ်တာဖြစ်ပါတယ်။ ဥရောပရဲ့ အကြီးမားဆုံး ပုစွန်တုပ်ကြီးအဖြစ်စံချိန်တင်ထားတာကတော့ ၁၉၃၁ခုနှစ်မှာ တံငါသည် Fowey ဖမ်းမိခဲ့တဲ့ ၉ကီလိုဂရမ်အလေးချိန်ရှိတဲ့ ပုစွန်တုပ်ကြီးဖြစ်ပြီး အတိုင်းအတာအနေနဲ့ ၄ပေရှည်လျားတယ်လို့ သိရပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment