Powered by Blogger.

အရသာခံအာရုံကို မြှင့်တင်ပြောင်းလဲပေးနိုင်တဲ့အသားတွေအကြောင်း သိကောင်းစရာ


စိတ်ပညာရှင်တွေက အသားနမူနာနဲ့ အဲ့ဒီအသား ဘယ်ကရတယ်၊ ဘယ်လို ကြီးပြင်းလာတယ် ဆိုတဲ့ နောက်ခံအကြောင်းအရာတွေကို ပြောပြပြီး အရသာစမ်းသပ်သူတွေကို မြည်းစမ်းခိုင်းခဲ့တဲ့အခါမှာ စားသုံးသူတွေက မွေးမြူရေးခြံတွေမှာ မွေးမြူတယ်လို့သူတို့ထင်တဲ့ အသားထက် လူတွေက ဂရုတစိုက်မွေးမြူတယ် ထင်တဲ့ အသားကို ပိုပြီးနှစ်သက်တာကိုတွေ့ရပါတယ်။

အရသာမြည်းစမ်းသူတွေက အမြင်၊ အနံ့ အရသာ ပိုကောင်းမယ့် အသားကိုပဲ စားသုံးမယ်ဆိုတာက တော့ အသေအချာပါပဲ။

တကယ်တော့ စမ်းသပ်ကျွေးမွေးတဲ့ အသားတွေက deli ham နဲ့ beef jerky ဆိုတဲ့ လုပ်ဆောင်ပုံခြင်းတူညီတဲ့ နေရာတွေကနေ ရရှိတဲ့ တူညီတဲ့ အသားတွေဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ယုံကြည်ခြင်းဟာ အရသာခံစားမှုအပေါ်မှာ သိသာတဲ့ ထိတွေ့မှုကို ရရှိနိုင်တယ်ဆိုတဲ့ တွေ့ရှိမှုကို PLOS ONE ဂျာနယ်မှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေ့လာတွေ့ရှိမှုမှာလည်း လူတွေက ဈေးချိုတယ်လို့ထင်တဲ့ ၀ိုင် နဲ့ ဈေးကြီးတယ်လို့ သူတို့ယုံကြည်တဲ့ ၀ိုင် သောက်သုံးမှုနှုန်းမှာ ကွာခြားတာကို တွေ့ရှိခဲ့ပါတယ်။

နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ဒီအသားဟာ ဘယ်လိုကောင်းမွန်တယ်လို့ ဆိုခဲ့ ဆိုခဲ့  မွေးမြူရေးခြံ ဆိုတဲ့ စကားလုံးပါတာနဲ့ beef jerky မွေးမြူရေးခြံက အသားကို အမှတ်ပေးနည်းခဲ့ပါတယ်။

ဒါပေမယ့် မွေးမြူရေးခြံ တစ်ခုတည်းကနေ အတူတူရတဲ့ အသားကိုပဲ ဘယ်ကရပါတယ်ဆိုတာ  ထည့်သွင်း မပြောပြခဲ့တဲ့ အသားကိုတော့ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

 ‘ ယုံကြည်မှု ဆိုတာ တကယ် အစွမ်းထက်ပါတယ်။ စကားလုံးတွေကလည်း အစွမ်းထက်ပါတယ်။ ဒါတွေက မကြာခဏ အံ့သြစရာကောင်းတဲ့ နည်းလမ်းတွေ အနေနဲ့ သင် ဘာလုပ်မယ် ဆိုတာပေါ်မှာ လွှမ်းမိုး နိုင်ပါတယ်’ လို့ ပညာရှင် Barrett က အဆုံးသတ်အနေနဲ့ ပြောခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : UPI 

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment