Powered by Blogger.

စတိုးဆိုင်တွေရှေ့မှာ Poke Balls အလုံးတွေ ပြောင်းလဲထားရှိဖို့ လုပ်ဆောင်နေတဲ့ Target


Targer ကုမ္ပဏီ ဟာ လူကြိုက်များတဲ့ ‘Pokemon Go’ ဂိမ်းအတွက် ဆိုင်တစ်ချို့ရှေ့မှာ Poke Balls အဖြစ် အနီရောင်အလုံးကြီးကို ထားဖို့ စီစဉ်ခဲ့ကြပါတယ်။

ကုမ္ပဏီက Poke Balls ပုံစံ ဆေးခြယ်ထားတဲ့ အနီရောင်အလုံးတွေကို စတိုးဆိုင် ၄၀၀ ရှေ့မှာ ထားရှိမယ်လို့ ကြောငြာခဲ့ပါတယ်။

 ‘ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Pokemon ပရိတ်သတ်တွေအတွက် အတွေ့အကြုံ အသစ်အဆန်းတွေကို ဖန်တီးပေးချင်ပါတယ်။ ဒါအပေါ်မှာလဲ သူတို့ နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ်။ ဖန်တီးခဲ့တို့ ကျွန်တော့ အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်း Pokemon ပရိတ်သတ်တွေဖြစ်တဲ့အတွက် ဒီစိတ်ကူးကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်’ လို့ ဈေးကွက်ရှာဖွေရေး ခေါင်းဆောင်လူကြီးဖြစ်သူ Rick Gomez က ပြောခဲ့ပါတယ်။

Target ဆိုင်အချို့မှာ ပေါင်၁၂၀၀ကျော်ရှိတဲ့ ကွန်ကရစ်တွေနဲ့ ဒီဇိုင်းဖော်ထားတဲ့ အပြင် ဆိုင်အတွင်းမှာလဲ Pokemon နဲ့ ဆိုင်တဲ့ အချက်အလက် အကြောင်းအရာတွေနဲ့ ပုံဖော်ထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment