Powered by Blogger.

နှစ်ချို့ဝိုင်တွေက အနံ့ပြောင်းလဲလာမှုဟာ အင်ဇိုင်းတွေကြောင့်ဖြစ်


နှစ်ချို့ဝိုင်တွေဟာ သူတို့ရဲ့ အနံ့ အရသာကြောင့် နာမည်ကြီးပါတယ်။ လေ့လာချက် အသစ်အရ  အင်ဇိုင်းတွေက ၀ိုင်တွေရဲ့ သက်တမ်းအလိုက် အနံ့ပြောင်းလဲစေတာကို တွေ့ရပါတယ်။

အင်ဇိုင်းထဲမှာ ပါဝင်တဲ့ မော်လီကျူးတွေရဲ့ ပေါက်ကွဲမှုကို အချိန်ယူပြီးလုပ်ဆောင်လေ ၀ိုင်ရဲ့ အနံ့ ပိုအသက်ဝင်လာလေပါပဲ။

Cytochrome P450 အမည်ရတဲ့ အင်ဇိုင်တွေအချင်းချင်း တိုတ်ခတ်မှုကနေ ရလာတဲ့ CYP76F14  အင်ဇိုင်းကို လေ့လာကြည့်တဲ့အခါမှာ တူညီတဲ့ လုပ်ဆောင်ချက်ရှိတာကိုတွေ့ရပါတယ်။

CYP76F14  အင်ဇိုင်း က ရရှိတဲ့ (E)-8-carboxylinalool ဒြပ်ပေါင်းက ၀ိုင်ရဲ့ အနံ ကောင်းဖို့အတွက် လုပ်ဆောင်ပေးပါတယ်။

ဒီလိုတွေ့ရှိမှုကနေတဆင့် မော်လီကျူးတွေ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ပိုမိုလေ့လာနိုင်ပြီး ဒီလို နည်းစနစ်တွေကို အသုံးပြုပြီး ၀ိုင်တွေရဲ့ ကောင်းမွန်တဲ့ ရနံ့တွေကို ဖန်တီးရရှိနိုင်မှာပါ လို့ လေ့လာသူပညာရှာ Nocolas Navrot က ပြောပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment