Powered by Blogger.

Burly မီးသတ်သမားတွေက အသက် ၁၀၅နှစ်ပြည့် အမျိုးသမီးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေး


ဗြိတိသျှအမျိုးသမီးက သူ့ရဲ့ အသက် ၁၀၅ နှစ်ပြည့်အတွက် “burly” မီးသတ်တပ်ဖွဲ့က တပ်သားတွေရဲ့ မွေးနေ့ဆုမွန်ကောင်း လာရောက်ချီးမြှင့်တဲ့အတွက် ၀မ်းသာကျေနပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ Crawcrook မြို့က Addison Court စောင့်ရှောက်ရေးဂေဟာမှာ Ivena Smailes ကို မီးသတ်သမားတွေ ၀န်းရံပြီး မွေးနေ့ပွဲ ကျင်းပနေတဲ့ပုံကို Facebook စာမျက်နှာပေါ်မှာ Tyne and Wear မီးသတ်ကယ်တင်ရေး ၀န်ဆောင်မှုလုပ်ငန်း က ဖော်ပြခဲ့ပါတယ်။

မီးသတ်သမားတစ်ယောက် က ပြတင်းပေါက်ကနေ ကျော်တက်လာပြီး Smailes ရဲ့ မွေးနေ့ ကို လာရောက် ဂုဏ်ပြုပေးခဲ့ပါတယ်။

‘ဒီကမ္ဘာမှာ ဒီထက်ကောင်းတာမရှိဘူး’ လို့ Smailes က ABC သတင်းဌာနကို ပြောခဲ့ပါတယ်။
‘Smailes ဟာ ပျော်စရာတကယ်ကောင်းတဲ့ အရသာကို ရရှိခဲ့တာပါ’ လို့ စောက်ရှောက်ရေး ၀န်ထမ်း တစ်ယောက်ဖြစ်တဲ့ Debra Carter က ဆိုပါတယ်။

‘နှစ်တိုင်းနှစ်တိုင်း သူ့မွေးနေ့မှာ Ivy က ထူးထူးဆန်းဆန်းလေးတွေ လုပ်တတ်ပြီး ဒီနှစ်မှာတော့ မီးသတ်သမားတွေကို အကူအညီတောင်းခဲ့ပါတယ်။ မြို့ခံဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ က သုံးလွှာက ၀ရံတာ ပြတင်းပေါက်ကို ကျော်ဝင်လာပြီး ပျော်ရွှင်ရအောင် ကူညီပေးခဲ့ပါတယ်’ လို့ Carter က ပြောပါတယ်။

( Michelle )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : One

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment