Powered by Blogger.

Buffalo လေဆိပ်မှာ ရှဉ့်တွေကြောင့် လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပွား


သောကြာနေ့ရဲ့ တစ်မနက်မှာတော့ Buffalo လေဆိပ်မှာ ရှဉ့်တွေကြောင့် လျှပ်စစ်ပြတ်တောက်မှု ဖြစ်ပွားပြီး လေယာဉ်နှောင့်နှေးမှု ဖြစ်ခဲ့ပါတယ်။

လေဆိပ်က တာဝန်ရှိသူတွေ ပြောကြားချက်အရတော့ Buffalo Niagara ပြည်ပထွက်ခွာလေဆိပ်က ဂိတ်အမှတ် ၁၅-၁၆ မှာ လေယာဉ်ဟာ ၅ မိနစ်ခန့် ထွက်ခွာဖို့နောက်ကျခဲ့တာပါ။

ရှဉ့်တွေက လျှပ်စစ်ထိန်းချုပ်တဲ့နေရာကို ၀င်ရောက်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာပါတဲ့။

ဒီဖြစ်စဉ်ကြောင့် မနက် ၁၀နာရီနောက်ပိုင်းမှာ လေယာဉ်နှောင့်နှေးတာတင်မကပဲ မီးတွေပါ ပြတ်တောက်ခဲ့တာဖြစ်ပြီး  မနက် ၁၁နာရီ ၄၅ မိနစ် မှာ ပြန်လည်ရရှိခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment