Powered by Blogger.

အမေရိကန်ကွာရှင်းရာသီမှာ ကွာရှင်းနှုန်းဆက်လက်မြင့်တက်လျက်ရှိနေ


အမေရိကန်အများစုဟာ ဆောင်းရာသီ နဲ့ နွေရာသီ အားလပ်ရက် မတိုင်ခင်မှာ ကွာရှင်းဖို့အစီအစဉ်တွေ ဆွဲလေ့ရှိကြပါတယ်။ တကယ့်လက်တွေ့မှာလည်း အတွဲတော်တော်များများ ရဲ့ အားလပ်ရက်အပေါ်အမြင်က ပိုကောင်းတာတွေဖြစ်ရမယ့်အချိန်လို့ တွေးကြပါတယ်။

‘လူတွေက အားလပ်ရက်အပေါ် တော်တော်လေး မျှော်လင့်တတ်ကြပါတယ်။ ကျန်ခဲ့တဲ့နှစ်က စိတ်ပျက်စရာတွေအပေါ် ကောင်းမွန်လာမယ့်အချိန်ဆိုပြီးတော့ပေါ့။ ဒီအချိန်က သူတို့ရဲ့ မျော်လင့်ထားတာတွေ ၊ အခွင့်အရေးသစ်တွေ စတဲ့ အသစ် အသစ်တွေ စတင်နိုင်မယ့်အချိန်ပါပဲ လို့ ‘ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့  Julie Brines က ပြောပါတယ်။

ဒါပေမယ့် အဆင်ပြေတဲ့အတွဲတွေ ၊ အိမ်ထောင်ရေး အဆင်မပြေတဲ့သူတွေအတွက်တော့ ဖိအားတွေ စိတ်ခံစားမှုမျိုးစုံတွေ ကိုလည်း ခံစားရနိုင်ပါတယ်။

ဝါရှင်တန်မြို့မှာ၂၀၀၁ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်ကြား လေ့လာချက်အရ  ကွာရှင်းဖို့စီစဉ်ကြတာဟာ မတ်လ နဲ့ သြဂတ် လတွေမှာ အများဆုံးပါပဲ။

ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက်တွေမှာ မိသားစု တော်တော်များများအတွက်တော့ ကွာရှင်းဖို့ စီစဉ်တာတွေအတွက်သာ အရေးကြီးသလို ဖြစ်နေပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment