Powered by Blogger.

အိန္ဒိယအမျိုးသားတစ်ဦးရဲ့ အစာအိမ်ထဲက ဓါး အချောင်း ၄၀ ကို ဆရာဝန်များ ဖယ်ထုတ်


ခွဲစိတ်အထူးကုတွေက နှစ်လအတွင်း ဓါးအချောင်း၄၀ကို မျိုချထားတဲ့ လူနာကို ကုသပေးခဲ့ရပါတယ်။

၄၂ နှစ် ရှိတဲ့ အိန္ဒိယအမျိုးသားက ဗိုက်နာတယ်ဆိုပြီး ဆေးရုံကို ရောက်လာပါတယ်။ လူနာက  အားတော်တော် နည်းနေပြီး ဓါတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ သူ့အစာအိမ်ထဲမှာ သူမျိုချထားတဲ့ဓါးတွေကို တွေ့လိုက်ရပါတယ်။
‘အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့ ဆရာဝန်တွေတောင် ခြောက်ခြားသွားရပါတယ် ၊ အမှားသေးသေးလေးတစ်ခုက လူနာရဲ့ အသက်ကို ထိခိုက်စေနိုင်တာမလို့ ကျွန်တော်တို့အကုန်လုံး စိတ်လှုပ်ရှားခဲ့ရပါတယ်’ လို့ ဒေါက်တာ Jatinder Malhotra  က ပြောပါတယ်။

လူနာရဲ့ အစာအိမ်ထဲမှာ ခေါက်ဓါးတွေကော ရိုးရိုးဓါးတွေရော ကျိုးပဲ့နေတဲ့ ဓါးတွေကော  မျိုးစုံအောင်ကို တွေ့ခဲ့ရပါတယ်။
လူနာရဲ့ ဖခင်ဖြစ်သူက ‘ မိသားစုကိုပစ်ထားသလိုဖြစ်ခဲ့တာအတွက် စိတ်မကောင်းပါဘူး။ ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တသက်လုံး သတိရနေမှာပါ ‘ လို့ ဆိုပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment