Powered by Blogger.

ဥရောပက အသက်အရှည်ဆုံးသစ်ပင်ကို ရှာဖွေတွေ့ရှိ


အသက်အရှည်ဆုံး သက်ရှိသစ်ပင်ဖြစ်တဲ့ ထင်ရှုးပင်ဟာ ရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဂရိနိုင်ငံ မြောက်ပိုင်း မှာတည်ရှိပါတယ်။

သစ်ပင်ရဲ့ ကြီးထွားမှုကို သူ့မှာရှိတဲ့ အရစ်အတိုင်းသတ်မှတ်တဲ့ နည်းပညာအရ လေ့လာသူတွေက ဆန်းစစ်ကြည့်တဲ့အခါမှာ ထင်ရှုးပင်ကြီးဟာ အနည်းဆုံး တစ်ထောင့်ခုနှစ်ဆယ့်ငါ့ နှစ် သက်တမ်းရှိပါတယ်။

‘ဒီမြေက ဖွံဖြိုးလာတာ နှစ်ပေါင်းသုံးထောင်အထက်ရှိနေပြီ။ ဒီလို သဟဇာတမဖြစ်တဲ့မြေပေါ်မှာ ဒီလောက်ကြာအောင် ရှင်သန်နိုင်ပြီး ခုလို ကြီးထွားနေတဲ့ သက်ရှိသစ်ပင်ကို တွေ့ရတာ တကယ့်ကို အံ့သြစရာပါပဲ’ လို့ ဆွီဒင် ကျွမ်းကျင်ပညာရှင် Paul J.Krusic က ပြောပါတယ်။

ဒီသစ်ပင်ကြီးရဲ့ ပတ်ဝန်းကျင်မှာ သမိုင်းဖြစ်ရပ်တွေ အများကြီးရှိနေခဲ့မှာပါ။ မင်းဧကရာဇ်တွေ၊ တူရကီလူမျိုးတွေ ဟာ ဒီဒေသမှာရှင်သန်လာတာပါ။ သူ့ကို သေစေနိုင်တဲ့အရာတွေအများကြီးကို ကြုံတွေ့ခဲ့ရပေမယ့် ကံကောင်းစွာနဲ့ ခုချိန်ထိ  နှစ်ပေါင်းထောင်နဲ့ချီ အသက်ရှင်သန်နိုင်တာဟာ ချီးမွှမ်းဖွယ်ရာပါပဲ လိုလည်း ထပ်မံပြောထားပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment