Powered by Blogger.

KFC က ကြက်သားကြော်အနံ့ရှိတဲ့ Extra Crispy နေလောင်ကာ ကရင်မ် ဖန်တီး


ကြက်ကြော်တွေကို နိုင်ငံပေါင်းစုံမှာ အောင်အောင်မြင်မြင်နဲ့ ရောင်းချနေတဲ့ KFC ကနေ သူတို့ရဲ့ နောက်ဆုံးထုတ်ကုန်အနေနဲ့ စားစရာမဟုတ်တဲ့ ကြက်သားနံ့လေးမွှေးနေတဲ့ နေလောင်ကာ ကရင်မ် ကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။

KFC က ထုတ်လုပ်တဲ့ SPF 30 ပါဝင်တဲ့ နေလောက်ကာ ကရင်မ်ကို တနလာင်္နေ့ က  ရောင်းချပေးမယ့် သီးသန့် website ကို Twitter ပေါ်မှာ ကြော်ငြာခဲ့ပါတယ်။ ရောင်းချပေးမယ့် ကုန်ပစ္စည်း အခု ၃ထောင် ကို စက်တင်ဘာလကုန် နဲ့ ပစ္စည်းကုန်တဲ့အချိန်အထိ ရောင်းချပေးသွားမှာပါ။

သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း ရောင်းချတာနဲ့ ပစ္စည်းမလောက်ငှတာအတွက် KFC ကတောင်းပန်ခဲ့ပါတယ်။ extracrispysunscreen.com မှာတော့ ၀င်ရောက်ကြည့်ရှုလို့ ရပါသေးတယ်တဲ့။

ဒီပစ္စည်းက အရသာရှိတဲ့ အနံ့မျိုး ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ဒီနွေရာသီမှာ ကြက်ကြော်ရဲ့ မွှေးရနံ့လေးတွေ သင့်အရေပြားပေါ်မှာသာ ရှိနေမှာပါ လို့ website မှာ ရေးသားထားပါတယ်။

‘လိုးရှင်းတွေက အမြဲတမ်း လိုးရှင်းနံ့ပဲ ရတယ်။ ဒါကြောင့် ငါတို့ ဘာလို့ ကြက်ကြော် အနံ့မျိုး ရအောင်မလုပ်နိုင်ရမှာလ’ဲ လို့KFC ဈေးကွက်ရှာဖွေရေး ခေါင်းဆောင်ဖြစ်တဲ့ Kevin Hochman ကပြောပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : KFC

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment