Powered by Blogger.

အမြွှာတွေက သာမန်လူတွေထက် အသက်ပိုရှည်စွာ နေထိုင်နိုင်


အမြွှာတွေက သာမန် အခြားလူတွေ သက်တမ်းပိုရှည်ကြာပြီး သူတို့ ရဲ့နီးကပ်တဲ့ ဆက်ဆံရေးက အဓိကအကြောင်းပြချက်ဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၁၈၉၀ ခုနှစ် နဲ့ ၁၉၀၀ ခုနှစ်ကြား ဒိန်းမတ်မြို့ က အသက်၁၀ နှစ်ကျော်ပြီဖြစ်တဲ့ လိင်တူ အမွှာပေါင်း ၂၉၀၀ကျော် ကို  လေ့လာခဲ့ကြပါတယ်။

အသက်အရွယ်တိုင်းမှာ လိင်တူအမွှာတွေက တခြားအမွှာတွေထက် ခံနိုင်ရည် ပိုမြင့်မားပြီး ၊ လိင်မတူတဲ့ အမွှာတွေက ရိုးရိုးတစ်ယောက်ခြင်း မွေးဖွားတဲ့ လူတွေထက် ခံနိုင်ရည်ပိုမြင့်ပါတယ်။

အမျိုးသားတွေအတွက် အမွှာတွေမှာ ခံနိုင်ရည် အမြင့်မားဆုံး အချိန်က အသက် ၄၅ နှစ်မှာဖြစ်ပါတယ်။ အမျိုးသားအမွှာတွေရဲ့ ခံနိုင်ရည် နှုန်းထား ၉၀ ရာခိုင်နှုန်း ရှိချိန်မှာ ပုံမှန်လူတွေကတော့ ၈၄ ရာခိုင်နှုန်းသာရှိပါတယ်။

အမျိုးသမီးတွေ အတွက် အသက် ၆၀ အစောပိုင်းတွေမှာ ခံနိုင်ရည် အမြင့်ဆုံးဖြစ်ပြီး ပုံမှန်လူတွေထက် ၁၀ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။

အမွှာတွေက ပုံမှန်လူတွေထက် တစ်ယောက်ကို တစ်ယောက် စောက်ရှောက်တာတွေ ၊ အချင်းချင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူရတာတွေ ကြောင့် သက်တမ်းပိုရှည်တတ်ကြတာကို တွေ့ရပါတယ်။

လူတော်တော်များများဟာ အမွှာတွေ မဟုတ်ကြပါဘူး ။ ဒါပေမယ့် အချင်းချင်း ရိုင်းပင်းကူညီ စာနာနားလည်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး ကျန်းမာ သက်ရှည်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။


( Michelle )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment