Powered by Blogger.

နယူးယောက်မြို့ရဲ့ အကြီးဆုံးကြောင်ကြီးအဖြစ် ကြောင်ကြီး Sampson သတ်မှတ်ခံရ


Maine Coon အမျိုးအစား ကြီးမားလေးလံတဲ့ ကြောင်ကို သူ့ပိုင်ရှင်က မြို့ရဲ့ အကြီးဆုံးကြောင် အဖြစ် ဖော်ပြခဲ့ပါတယ်။

နယူးယောက်မြို့ရဲ့ အကြီးဆုံးကြောင်အဖြစ် သခင်ဖြစ်သူ Jonathan Zurbel ရဲ့ အားစိုတ်ထုတ်မှုကြောင့်  ခြေလေးချောင်း နဲ့ ၂၈ ပေါင်လေးတဲ့ Sampson ဟာ အင်တာနက်ပေါ်မှာ ကျော်ကြားလာခဲ့ပါတယ်။

‘နောက်ဆုံးတော့ ကျွန်တော့ ကြောင်က ဗိုင်းရပ်လို ဖြစ်လာပါပြီ။ ဒီလိုဖြစ်ဖို့တော်တော်လေး အလုပ်များခဲ့ပါတယ်။လူတိုင်းက သူ့တို့ အိမ်မွေးတိရိစ္ဆာန်တွေကသာ ချစ်စရာအကောင်းဆုံးလို့ တွေးကြတာမလား။

 ကြောင်လေးတွေအတွက် သပ်သပ်ရှိတဲ့ ဘလော့ဂ်တွေအားလုံးက ဒီိလိုမဖြစ်ခင်အချိန်မှာ ကျွန်တော်ကို လျစ်လျှူရှုထားခဲ့ကြတာပါ။ အခုတော့ အားလုံးက စိတ်ဝင်စားလာကြပါပြီ။ အင်တာနက်ပေါ်မှာ တစ်ခုတစ်ခု လုပ်မယ်ဆိုရင် အမြဲတမ်း အကြောင်းအရာပေါ်မှာ အာရုံစိုက်ဖို့ က အရေးကြီးပါတယ်။ အချိန်ယူရမယ် ၊ ကြိုးစားရမယ် ၊ လိမ်မာပါးနပ်စွာနဲ့ နည်ပရိယာယ်တွေနဲ့ ပုံမှန်လုပ်ဆောင်ရပါတယ’် လို့ Zurbel က Instagram မှာ ရေးသားခဲ့ပါတယ်။

Zurbel က သူ့Instagram မှာ Sampson ရဲ့ စိတ်စွဲထင်သွားစေမယ့် ပုံကို တင်ထားပါတယ်။

‘သူက ယဉ်ကျေးတဲ့ ကောင်ကြီးပါ။ အရမ်းချစ်ဖို့ကောင်းတယ် နူးညံ့တယ်။ ဒါပေမယ့် ကြံ့ခိုင်တယ်။ နပန်းလုံးရတာ ၊ ဆော့ရတာကို သဘောကျပေမယ့် ဘယ်သူမှ သူ့ကို ကြည့်မနေတဲ့အချိန်မှာ တိတ်တိတ်လေးဆော့နေတတ်ပါတယ်။ သူ့ကိုအရမ်းချစ်တဲ့ သူ့အဖေကလွဲရင် အမျိုးသားတွေထက် အမျိုးသမီးတွေက သူ့ကို ပိုချစ်ကြပါတယ’် လို့ Zurbel က ပြောပါတယ်။

Samson က တစ်နေ့ကို အစာခြောက်အပြင် အစိုကို တစ်နေ့ သံဘူး ၆ ဘူး စားပြီး Zurbel နဲ့ အတူနေခဲ့တဲ့ ၂ နှစ်ခွဲအတွင်း ၁၀ ပေါင် တိုးလာပါတယ်။

မော်ဒယ်အမျိုးမျိုးနဲ့ ရိုက်ထားတဲ့ Samsonရဲ့ ဓါတ်ပုံတွေကို ပြက္ခဒိန် လုပ်ဖို့ Zurbel က စီစဉ်နေပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment