Powered by Blogger.

စိုက်ပျိုးထုတ်လုပ်တဲ့ စတော်ဘယ်ရီ ရဲ့ မျိုးရိုးဗီဇ နောက်ခံကို ဖော်ထုတ်


လူတော်တော်များများက စိုက်ပျိုးထုတ်လုပ်တဲ့ စတော်ဘယ်ရီတွေရဲ့ အရင်းအမြစ်အကြောင်းကို နားလည်နိုင်ဖို့ ကြိုးစားလာကြတယ် လို့ ရှာဖွေလေ့လာသူ Lise Mahoney ကပြောပါတယ်။

သိပ္ပံပညာရှင်တွေက လူတွေ စိုက်ပျိုးတဲ့ စတော်ဘယ်ရီနဲ့ မျိုးတူ အရိုင်းစတော်ဘယ်ရီကို အနီးကပ်လေ့လာကြည့်ခဲ့ပါတယ်။ မတူကွဲပြားတာကတော့ မျိုးတူ အရိုင်းစတော်ဘယ်ရီမှာ  ခုနှစ်ခုထက်ပိုတဲ့ ကွဲပြားတဲ့ ကလပ်စည်းတွေ ရှိနေပြပါတယ်။ စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီမှာတော့ မျိုးစပ်ထားတဲ့ အသီးနှစ်ခုရဲ့ ကလပ်စည်း တစ်ခုစီကိုပိုင်ဆိုင်ပြီး ၊ အဲ့ဒီ ကလပ်စည်းနှစ်ခုရဲ့ အမျိုးအစား အရွယ်အစား တူညီတဲ့ ပုံစံတူ ကလပ်စည်း နှစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ပညာရှင်တွေက မျိုးရိုးဗီဇ ဆင်းသက်လာမှုကို ခြေရာခံတဲ့ မြေပုံသုံးနည်းစနစ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
ပညာရှင်တွေက ဒီနည်းစနစ်ကိုသုံးတာ  ပိုမိုကျယ်ပြန့်လာစေချင်ပြီး ဒီလို သိရှိနားလည်လာတာတွေ ကြောင့် ပိုမို အရည်အသွေး ကောင်းမွန်တဲ့ အသီးအနှံတွေ၊ မျိုးပွားခြင်း အလေ့အထ တွေနဲ့  ရောဂါ ကာကွယ်နိုင်မှုတွေမှာ  တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref :

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment