Powered by Blogger.

ဒုတိယ ကမ္ဘာမြေကြီး ဟာ အလင်းနှစ် ၄.၂၅ သာ ကွာဝေးကြောင်း နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိ



ကမ္ဘာမြေကြီးနဲ့တူတဲ့ ဂြိုလ်တစ်ခုက ကြယ်တွေလိုမျိုးပဲ ကျွန်တော်တို့ ကမ္ဘာပတ်လမ်းမှာ အလင်းနှစ် ၄.၂၅ အကွာအဝေးကနေ လှည့်ပတ်နေပါတယ်တဲ့။

တွေ့ရှိခဲ့တဲ့ ဂြိုလ်ရဲ့ မျက်နှာပြင် အပူချိန်က သက်ရှိတွေ ရပ်တည်နိုင်စွမ်း ရှိနိုင်တဲ့  အရည်တည်ရှိနိုင်ဖို့ သင့်တော်တယ် လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ နက္ခတ္တဗေဒပညာရှင်တွေ ပထမဆုံး ဂြိုလ်ကို သတိထားမိတာကတော့ အားဖျော့တဲ့ အနီရောင်ကြယ်တစ်ခုလိုဖြစ်ပြီး တောက်လျှောက်မတောက်မပ ဖြစ်နေလို့ ဒီဂြိုလ်တည်ရှိမှုဟာ တော်တော်လေး ခက်ခဲတဲ့အခြေအနေဆိုတာကို အတည်ပြုခဲ့ပါတယ်။

သေချာတိကျတဲ့ အချက်အလက်တွေ ရှာဖွေနိုင်ဖို့ သိပ္ပံပညာရှင်တွေက မှေးမှိန်တဲ့အနီရောင်အစက် ပရောဂျက် ကို စတင်ခဲ့ကြပါတယ်။ အားအလွန်ကောင်းတဲ့ နက္ခတာရာကြည့်မှန်ပြောင်းတွေနဲ့ ဒီအနီဖျော့ဖျော့ ကြယ်ပုံစံ အစက်ကလေးကို ဘာလဲဆိုတာ ဝေခွဲရနိုင်မယ့် မျှော်လင့်ချက်နဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။

နှစ်နှစ်အကြာမျာတော့ ပညာရှင်တွေက ဒါဟာဂြိုလ်တစ်ခုအဖြစ်တည်ရှိနေတယ်ဆိုတာကို အတည်ပြုနိုင်မယ့် အချက်အလက်တွေ ရရှိခဲ့ပါတယ်။

Proxima b လို့ အမည်တွင်တဲ့ ဂြိုလ်ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ၁၁ ရက်ခန့် လှည့်ပတ်နေပြီး သူ့ရဲ့ အပူချိန်ဟာ သူမှာတည်ရှိတဲ့ ကြယ်အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် သင့်တော်တဲ့ အပူချိန်ရှိပါတယ်။ ဒါပေမယ့် ဂြိုလ်ရဲ့ အတွင်းဆုံးအပိုင်းကတော့ နေတောက်လောင်တာတွေ ၊ မုန်တိုင်းတွေ နဲ့ အခြားရောင်ခြည်ကျရောက်တဲ့ အခိုက်အတန့်တွေကြောင့် ပိုပြီးထိခိုက်နိုင်တာကို တွေ့ရပါတယ်။ ပညာရှင်တွေကတော့ Proxima bမှာ ရာသီဥတုမရှိဘူးလို့ ယုံကြည်ကြပါတယ်။

နက္ခတ္တဗေဒပညာရှင်တွေကတော့ ဒီဂြိုလ်ကို ကမ္ဘာမြေကြီးနဲ့ နီးကပ်နိုင်တယ်ဆိုတာအပေါ်မှာ အာရုံပိုစိုက်လာပြီး အချက်အလက်အသစ်တွေကို မကြာခင်မှာ တွေ့ရှိဖို့ မျှော်လင့်ကြပါတယ်။

ဂြိုလ်တွေများကြီးကိုလဲ တွေ့ပြီးပြီ ၊ ရှာမတွေ့တာတွေလဲ ကျန်အုံးမှာပါ။ ဒါပေမယ့် ကမ္ဘာမြေလိုမျိုးဖြစ်နိုင်တဲ့ အလားအလာအရှိဆုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီလိုရှာဖွေတွေ့ရှိခဲ့တဲ့ အောင်မြင်မှုကတော့ ကျွန်တော်တို့ ဘ၀တစ်သက်လုံးစာအတွက် အတွေ့အကြုံကောင်း တစ်ခု ဖြစ်ပါတယ် လို့ နက္ခတ္တဗေဒပညာရှင် Guillem Anglada-Escude က ဆိုပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment