Powered by Blogger.

ရည်းစားဟောင်းဆီ စပါးကြီးမြွေအရှင်ပို့ပေးခဲ့တဲ့ အမျိုးသားအဖမ်းခံရ


အမေရိကန်ပြည်ထောင်စု၊ ဝစ်စ်ကွန်ဆင်မြို့က အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူဟောင်းဆီ စပါးကြီးမြွေအရှင်တစ်ကောင်ကို ပို့ပေးခဲ့လို့ စွဲချက်တင်ခံနေရပါတယ်။

 အသက် ၃၇နှစ်အရွယ် Eric Burrows ဆိုတဲ့ အမျိုးသားဟာ ရည်းစားဟောင်းထံကို ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ email ပို့တာတွေနဲ့ ခြိမ်းခြောက်စာပို့တာတွေကို သူမအလုပ်နဲ့ နေတဲ့တိုက်ခန်းတွေကို ပို့ခဲ့တာဖြစ်ပါတယ်။

အဲ့လိုခြိမ်းခြောက်မှုတွေ ပြုလုပ်အပြီးမှာတော့ သြဂုတ်လ ၁၈ရက်နေ့မှာ ထူးဆန်းတဲ့ လက်ဆောင်ထုတ်တစ်ထုတ်ကို အမျိုးသမီးရဲ့ တိုက်ခန်းကိုပို့ပေးခဲ့တာဖြစ်တယ်လို့ ရဲတွေကဆိုပါတယ်။ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အထုတ်ထဲကို ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ သက်ရှိစပါးကြီးမြွေတစ်ကောင်နဲ့ စာတစ်စောင်ရေးသားထားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ Burrow ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူ့ရဲ့ဖုန်းကို စစ်ဆေးရာမှာ အမျိုးသမီးကို ခြိမ်းခြောက်ထားတဲ့ စာတွေပို့ထားတာတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment